-ဇွန်လ ၈ ရက်နေ့ ၂၂၁၀ နာရီတွင် ပျော်ဘွယ်မြို့နယ်၊ ဗောဓိကုန်းကျေးရွာတွင်နေထိုင်သော ဦးဌေးလှိုင်သိန်း (၅၀) နှစ်၊ တောင်သူလုပ်ကိုင်သူသည် ၎င်း၏ နေအိမ်၌ ရှိနေစဉ် အကြမ်းဖက်လက်နက်ကိုင် PDF ကျား ၂ ဦးမှာ ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိ လာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးဌေးလှိုင်သိန်းတွင် ဆီးခုံ၊ ဝဲပေါင်ရင်း၊ ဝဲတင်ပါး ကျည်ဖောက်ထွက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရ။
-ဇွန်လ ၈ ရက်နေ့ ၁၈၃၀ နာရီတွင် ကြို့ပင်ကောက်မြို့နယ်၊ ဗောဓိကုန်းကျေးရွာတွင်နေထိုင်သော ဦးညိမ်း(၅၃)နှစ်သည် ကျေးရွာအနီးရှိ ၎င်း၏ လယ်ကွက်အတွင်း၌ အလုပ်လုပ်ကိုင်နေစဉ် PDF အကြမ်းဖက်လက်နက်ကိုင် ကျား ၂ ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးညိမ်းတွင် ဝဲနားထင်၊ ယာရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးခဲ့။
-ဇွန်လ ၈ ရက်နေ့ ၀၈၄၅ နာရီတွင် ပေါက်မြို့နယ်၊ ဇီးပြားကျေးရွာနေ ဦးတင်မြင့်ဆွေ(၅၉)နှစ်သည် ကျေးရွာ၏တောင်ဘက် ၎င်း၏ငှက်ပျောစိုက်ခင်း၌ ငှက်ပျောခိုင်ခုတ်ယူနေစဉ် PDF အကြမ်းဖက်အဖွဲ့မှ ထောင်ထားသည့် လက်လုပ်နင်းမိုင်း ၁ လုံးအား နင်းမိပေါက်ကွဲခဲ့ရာ ပေါက်ကွဲမှုကြောင့် ဦးတင်မြင့်ဆွေတွင် ယာဒူးအောက်ပြတ်၊ ဝဲခြေသလုံး၊ မျက်နှာ မိုင်းစထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့။
-ဇွန်လ ၈ ရက်နေ့ ၀၆၅၀ နာရီတွင် သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာ၊ ရန်ကုန် – မော်လမြိုင် ကားလမ်း၊ မိုင်တိုင်အမှတ် (၁၃၃/၄)အနီး၌ ကြွပ်ကြွပ်အိတ်အနက်ရောင်ဖြင့် ထုပ်ထားသော လက်လုပ်ရီမုမိုင်း ၁ လုံး တွေ့ရှိသဖြင့် လုံခြုံရေးပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေး၍ သက်မဲ့ပြုလုပ်ရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။