ဇွန်လ ၇ ရက် ညနေပိုင်းအချိန်တွင် မိမိလခရစစ်ကြောင်းများအား နှောင့်ယှက်ပစ်ခတ်နေသည့် ဖာပွန်ဒေသအတွင်းရှိ တစ်ပါးကျောင်းနှင့် ညောင်ပင်ကုန်း ရန်သူ့နေရာများအား ကြိုတင်ပစ်ခတ်ချေမှုန်းပြီး ချီတက် ရှင်းလင်းရာ ရန်သူ ၃၀ ဦးနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားကာ တစ်ပါးကျောင်းနှင့် ညောင်ပင်ကုန်းနေရာအား သိမ်းပိုက်ရရှိခဲသည်။
ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရပြီး ရန်သူ့ထံမှ-
(၁) အကြမ်းဖက် KNLA ၃ လောင်း
(၂) သေနတ်မျိုးစုံ ၃ လက်
(၃) လက်ပစ်ဗုံး/ မိုင်းများ
(၄) ဗုံးသီး/ ရှော့တိုက်ဒုံးများ(၅) ပစ်ကျင်း/ဘန်ကာများသိမ်းပိုက်ရရှိခဲ့သည်။
(ပုံများ ထပ်မံဖော်ပြပါမည်)
