အကြမ်းဖက်များထောင်ထားသည့် မိုင်းများအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖော်ထုတ်ရှင်းလင်း

PDF များသည် ပြည်သူများ ထိတ်လန့်စေရန်၊ အေးချမ်းစွာ နေထိုင်သည့် ပြည်သူများအား နှောင့်ယှက်ရန်၊ ပြည်သူပိုင် လမ်း/တံတားများအား ပျက်စီးစေရန်၊ အကြောက်တရားဖြင့် ပြည်သူကို ချုပ်ကိုင်နိုင်ရန် ရည်ရွယ်ချက်များဖြင့် မြို့၊ ရွာ၊ လမ်း၊ တံတားများကို ဖောက်ခွဲဖျက်ဆီးလျက်ရှိသည်။

ဇွန်လ ၆ ရက်နေ့ မနက်ပိုင်းတွင် ဒေသခံပြည်သူများရဲ့ သတင်းပေးမှုကြောင့် ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ရွာနှင့် ကမ္မမြို့ အကြား ကားလမ်းဘေးဘယ်/ညာ တစ်လျှောက်တွင် အကြမ်းဖက် PDF များ ထောင်ထားသည့် –
(၁) ကျောက်စည်မိုင်း ၃ လုံး
(၂) သံပိုက်မိုင်း ၃ လုံး
(၃) ပေပါမိုင်း ၄ လုံး
(၄) သံပုံးမိုင်း ၁ လုံး
(၅) ရေပုံးဝါမိုင်း ၂ လုံး
(၆) နင်းမိုင်း ၂ လုံး
(၇) မြေအိုးမိုင်း ၃ လုံး
(၈) ရေသန့်ဗူးမိုင်း ၂ လုံး
(၉) ကျောက်ပုံမိုင်း ၂ လုံး တို့အား ဖော်ထုတ်ရှင်းလင်းနိုင်ခဲ့ပါသည်။

အပြစ်မဲ့ပြည်သူများ၏ အသက်ပေါင်းများစွာကို ကာကွယ်နိုင်ခဲ့လို့ သတင်းပေးပြည်သူအား အထူးပင်ကျေးဇူးတင်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *