နိုင်ငံတကာထူးခြားသတင်းများ
-ယူဂန္ဓာ ၊ ပီရူး ၊ စလိုဗေးနီးယား ၊ ယီမင် နိုင်ငံသူ ICC အမျိုးသမီး တရားသူကြီး ၄ ဦးကို ဒဏ်ခတ်ပိတ်ဆို့လိုက်ကြောင်း ကန် နိုင်ငံခြားရေးဝန်ကြီးကပြောသည်။
-ဗြိတိန် က ယူရို သန်း ၃၅၀ ဘိုးရှိ ဒရုန်းအစင်း ၁ သိန်း ကို ယူကရိမ်းသို့ ထောက်ပံ့သွားမည်ဟုဆိုသည်။
-ဟားမာ့စ် အဖွဲ့၏ပြိုင်ဘက် လက်နက်ကိုင်ဒုစရိုက်ဂိုဏ်းတစ်ခုဖြစ်သော အဘူရှာပက် အဖွဲ့အား လက်နက်ထောက်ပံ့မှု့ကို ဝန်ခံခဲ့သည့် အစ္စရေးဝန်ကြီးချုပ် ဝေဘန်ခံနေရသည်၊ မိမိတို့ပြည်သူတွေ အန္တရာယ်ကင်းရန် လုပ်သင့်လုပ်ထိုက်တာ အကုန်လုပ်ရမှာဘဲဟု နေတန်ရာဟု က ကာကွယ်ပြောဆိုသည် ။
-ဂျနီဗာ၌ကျင်းပသော ၁၁၃ ကြိမ်မြောက် ILO အစည်းအဝေးတွင် တရုတ်၊ ရုရှား၊ ဘိုင်လိုရုတို့ ကန့်ကွက်နေသည့်ကြားမှ မြန်မာအပေါ် ပုဒ်မ ၃၃ အရ အရေးယူရန် မဲခွဲအတည်ပြုခဲ့သည်။
ပြည်တွင်းထူးခြားသတင်းများ
-ပုလဲ – ဂန့်ဂေါ လမ်းပေါ်ရှိ ကန်ဒေါင့် စခန်း ၆ ရက်ကြာ တိုက်ခိုက်ခံရပြီးစစ်ကူများပူးပေါင်းနိုင်ခြင်းမရှိသေးပါ ။
-နွားထိုးကြီးနယ် ဝက်လူး ပဲချက် ဒေသတိုက်ပွဲများဆက်ဖြစ်နေသည် ။
-ကလေးလေဆိပ်တွင် ရွှေတုံး ၂၆ တုံး ကျပ်ငွေ ၂.၃ ဘီလျံ ဘိုးဖမ်းမိသည် ။
-ဗန်းမောက်ဒေသတွင် NUG က တာဝန်ပေးထားသော အာကာ ဆိုသူဦးဆောင်သည့် ပြည်ထောင်စုအထူးသယံဇာတအဖွဲ့က ပြောစကားနားမထောင်တော့ဘဲ တစ်စဥ်ထောင်လာ၍ဟုဆိုကာ အချင်းချင်းပြန်ဖမ်းပြီး အကောက်ကောက်ထားသော ငွေကျပ်သိန်း ၁၆၀၀၀ ကျော်နှင့် ရွှေချောင်း ၂၈ ချောင်းသိမ်းယူခဲ့ကြောင်းသိရသည်။
-မင်းပြားမြို့နယ်တွင် ၉ နှစ်အရွယ်မိန်းခလေး မုဒိမ်းကျင့်သတ်ဖြတ်ခံရမှု့အပေါ် ဒေသခံများက ဝိုင်းဝန်းဆန္ဒပြခဲ့သဖြင့် ဖော်ထုတ်မှု့ကြောင့် AA တပ်သား ညာသန်း ဆိုသူပါ ရခိုင်သူပုန် ၈ ဦးက ကျူးလွန်ခဲ့ကြောင်းတွေ့ရ၍ အရေးယူပေးပါမည်ဟု ဆိုသည် ။
-သံတွဲ မောင်ရွှေလေး ရေတပ်စခန်းအနီးတပ်စွဲထားသော ရခိုင်သူပုန်များ ရေတပ်စစ်သင်္ဘောများ၏ တာဝေးပစ်အမြောက် လက်နက်ကြီးများဖြင့် ချေမှုန်းခံရသည်။