သမီးယောင်းမနှစ်ဦး ရန်ဖြစ်ရာမှာ ဓားခုတ်မှုဖြစ်ပြီး ၁ ဦးသေဆုံး

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်ဘုရားလမ်းတွင် သမီးယောင်းမနှစ်ဦး ရန်ဖြစ်စကား များရာ မိခင်ဖြစ်သူသေဆုံးပြီး၊ ၎င်း၏အသက်(၃) နှစ်အရွယ် ကလေးတစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်မှာ မေလ ၂၃ ရက်နေ့တွင် အမျိုးသမီးနှစ်ဦး ရန်ဖြစ်စကားများရာ အမျိုးသမီးတစ်ဦးသေဆုံးကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ မြို့ခံလူမှုကူညီရေးအသင်းများမှ သွားရောက်ခဲ့ကြောင်း သိရသည်။

“တိုက်ခန်းမှာ ငှားနေကြတာ။ အခန်းချင်းတော့မတူဘူး။ အဲ့မှာ သမီးယောင်းမနှစ်ယောက် ရန်ဖြစ်ကြတာ။ တစ်ယောက်က အပြင်မှာဓားခုတ်ခံဒဏ်ရာနဲ့သေတယ်။ သေတဲ့သူ အမျိုးသမီးရဲ့ကလေးလည်း ဒဏ်ရာရတယ်။ ကျန်အမျိုးသမီးတစ်ယောက်လည်း ဒဏ်ရာရလို့ ဆေးရုံတင်ထားတယ်” လို့ ပြေမြင်အားသွားရောက်ကူညီသည့် မြို့ခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးမှ People Media သို့ ဖြေကြားသည်။

အဆိုပါရန်ဖြစ်စကားများမှုကြောင့် ဓားခုတ်ခံရပြီး သေဆုံးသည့် အမျိုးသမီးမှာ ဗိုက် နှင့် လည်ပင်းတို့တွင် ဓားခုတ်ဒဏ်ရာများရရှိမှုကြောင့် အခင်းနေရာတွင် သေဆုံးပြီး၊ ၎င်း၏အသက်(၃) နှစ်အရွယ် ကလေးငယ်လည်း ဓားခုတ်ခံရမှုကြောင့် ဦးခေါင်းနှင့် မေးစေ့တို့တွင် ဒဏ်ရာရရှိပြီး ဟယ်လပင်ကလေးဆေးရုံကြီးတွင် ဆေးကုသ မှုခံယူနေပြီး၊ ကျန်အမျိုးသမီး တစ်ဦးမှာလည်း ဗိုက်နှင့်လက်မောင်းတို့တွင် ဓားဒဏ်ရာရရှိမှုကြောင့် အင်းစိန်ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

CRD//people media

Leave a Reply

Your email address will not be published. Required fields are marked *