မေလ ၂၂ ရက် နေ့လည်ပိုင်းအချိန်တွင် နယ်မြေလခရဆောင်ရွက်နေသည့် စစ်ကြောင်းအား အုမ္မသီးရွာအပြင်ဘက်ရှိ ၂ ထပ်တိုက်အိမ်နှင့် ၄ ထပ်တိုက်အိမ်တို့ပေါ်မှ အကြမ်းဖက် TNLA ၁၅ ဦးခန့်က စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ဒါကြောင့်မို့ ပစ်ကူယူ၍ ဝင်ရောက်ရှင်းလင်းရာ ညနေ ၄ နာရီခန့်တွင် ရန်သူအခြေပြုရာ ၂ ထပ်တိုက်အိမ်အားလည်းကောင်း၊ ညနေ ၄ နာရီ ၃၀ မိနစ်ချိန်ခန့်တွင် ၄ ထပ်တိုက်အိမ်အားလည်းကောင်း အသီးသီးသိမ်းပိုက်ရရှိခဲ့ပြီး ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ –
(၁) TNLA ယူနီဖောင်းဝတ် ကျား(၂) လောင်း။
(၂) Type81 ၁ လက်။
(၃) M22 ကျည် ၁၆၀ တောင့်။
(၄) ပို့ကျည် ၂ တောင့်။
(၅) ကျည်အိမ် ၄ ခု။
(၆) ကြိုးဆွဲတရုတ်လက်ပစ်ဗုံး ၇ လုံး။
(၇) ကျောပိုးအိတ် ၂ လုံး။
(၈) TNLA ယူနိဖောင်း ၁ စုံ။
(၉) ကျည်ကာအင်္ကျီ ၂ ထည်။
(၁၀) ဓာတ်ငွေ့ကာ မျက်နှာဖုံး ၁ ခု တို့အား သိမ်းပိုက်ရရှိခဲ့ပါသည်။

