TNLAနှင့် KNU များ၏ အလောင်း/လက်နက်များ သိမ်းဆည်းရရှိ

မေလ ၂၁ ရက် ညနေပိုင်းအချိန်တွင် သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ဒေသအတွင်း နယ်မြေလှုပ်ရှားစစ်ကြောင်းနှင့် အကြမ်းဖက် TNLA ၃၀ ဦးခန့်တို့ ထိတွေ့တိုက်ပွဲ (၂)ကြိမ် ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်တွင် မိမိဘက်မှ အရာရှိ ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ –
(၁) အကြမ်းဖက် TNLA ၃ လောင်း
(၂) Type81 သေနတ် ၃ လက်
(၃) ၄၀ မမ လောင်ချာ ၁ လက်
(၄) ခဲယမ်း/ဗုံးသီးများ သိမ်းပိုက်ရရှိခဲ့ပါသည်။ (ပုံများ ထပ်မံဖော်ပြပါမည်)

အဆိုပါနေ့ နေ့လည်ပိုင်းအချိန်က နွားထိုးကြီးမြို့နယ်၊ ဝက်လူးရဲစခန်းဝန်းကျင်အား နယ်မြေရှင်းလင်းရာ အကြမ်းဖက် PDF ၁ လောင်း၊ Type81 သေနတ် ၁ လက်တို့အား သိမ်းပိုက်ရရှိခဲ့ပါသည်။

အလားတူ မွန်းလွဲပိုင်းအချိန်တွင် ရွှေကျင်မြို့နယ်၊ ကွင်းဆိပ်အနီးတွင် အကြမ်းဖက် KNLA ၂၀ ဦးနှင့် နယ်မြေရှင်းစစ်ကြောင်းများ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး မိမိစစ်သည် ၁ ဦး ဒဏ်ရာရရှိကာ အကြမ်းဖက် KNLA ၂ လောင်း၊ Sniper (စိစစ်ဆဲ) ၁ လက် တို့အား သိမ်းပိုက်ရရှိခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *