ယနေ့ နံနက် ၉ နာရီခန့်အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် အမှတ်(၅)ရပ်ကွက်၊ ရွှေနှင်းဆီလမ်း၌ နေထိုင်သော အငြိမ်းစားသံအမတ်ကြီးတစ်ဦးကို PDF အကြမ်းဖက်သမားများမှ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့သည်။
ဖြစ်စဉ်မှာ သမ္မတကြီး ဦးသိန်းစိန်အစိုးရလက်ထက်တွင် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးချိုထွန်းအောင်သည် နေအိမ်ရှေ့၌ရှိနေစဉ် Mask တပ်ဆင်ထားသည့် အမျိုးသားနှစ်ဦးရောက်ရှိလာပြီးနောက် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့သည်။
အငြိမ်းစားသံအမတ်ကြီးအား တာဝန်ရှိသူများက ဆေးရုံသို့ ပို့ဆောင်စဉ် ရရှိဒဏ်ရာဖြင့် ကွယ်လွန်ခဲ့သည်။
အငြိမ်းစားအသံအမတ်ကြီး ချိုထွန်းအောင်အား ပစ်ခတ်မှုသည် ၎င်းတို့ လက်ချက်ဖြစ်ကြောင်း Golden Valley Warriors အဖွဲ့က ကြွေးကြော်ထားသည်။
အဆိုပါ စစ်သွေးကြွအဖွဲ့ကို ဖမ်းဆီးနိုင်ရေးလုံခြုံရေးရေးအဖွဲ့များက ဆောင်ရွက်လျက်ရှိသည်။
#PeopleMedia