ပုံမှန်တုပ်ကွေးထက် ကူးစက်မှုနှုန်း ၇ ဆမြန်တဲ့ Covid-19 XEC မျိုးကွဲအသစ် ထိုင်းနိုင်ငံမှာဖြစ်ပေါ်

လက်ရှိ ထိုင်းနိုင်ငံမှာဖြစ်ပေါ်နေတဲ့ Covid-19 XEC မျိုးကွဲအသစ်ရဲ့ ကူးစက်မှုနှုန်းက ပုံမှန်တုပ်ကွေးထက် ၇ ဆ ပိုမိုမြန်ဆန်တယ်လို ချူလာလောင်ကွန်တက္ကသိုလ် ဆေးပညာဌာနမှ ဆရာဝန်တစ်ဦးက ပြောဆိုထားသလို ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနကလည်း ဒါနဲ့ပတ်သက်လို သတိပေးချက် ထုတ်ပြန်ထားသလို Bangkok Post သတင်းက ဖော်ပြထားပါတယ်။

အဆိုပါ Covid-19 အမျိုးအစားသစ်ဟာ ထူးထူးခြားခြား မပြင်းထန်ပေမယ့် ကူးစက်မှုနှုန်းက အလွန်လျင်မြန်တာကြောင့် ပြည်သူတွေ အတွက် အန္တရာယ်များမှာကို စိုးရိမ်တယ်လို ထိုင်းအခြေစိုက် ကျန်းမာရေးအာဏာပိုင်တွေက ပြောကြားထားတယ်လို သတင်းကဆိုပါတယ်။

အဲဒီလို ကူးစက်မှုနှုန်းမြန်တဲ့ Covid-19 XEC မျိုးကွဲသစ်ကြောင့် သေဆုံးမှုနှုန်းက အတော်လေးနည်းတယ်ဆိုပေမယ့် ကြိုတင်ကာကွယ်ရေးအစီအမံတွေ လုပ်ဆောင်ထားဖိုတော့ အရေးကြီးကြောင်း ကျန်းမာရေးအာဏာပိုင်တွေကလည်း အလေးပေးပြောကြားထားတယ်လို သိရပါတယ်။

News

Leave a Reply

Your email address will not be published. Required fields are marked *