မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ဘောဂဝတီအုပ်စု၊ ဆီဆုံရပ်ကွက်ရှိ နေအိမ်တိုက်တစ်လုံးတွင် ဖြစ်ပွားခဲ့သော မီးလောင်မှုအတွင်း အသက် (၉၀) ကျော်အရွယ် အဖွားတစ်ဦးနှင့် ဆရာမ(၃)ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာသတင်းများအရ သိရသည်။
အဆိုပါမီးလောင်မှုဖြစ်စဥ်သည် ယနေ့ မေ ၂၂ ရက် နံနက် ၁ နာရီ ၅၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်နေရာသို့ ကျောက်ဆည်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံလူမှုကူညီရေဒေသခံလူမှုကူညီရေးအသင်းဝင်များက သွားရောက၍ မီးငြှိမ်းသတ်ခဲ့ကြရာ နံနက် ၂ နာရီ ၂၅ မိနစ်၌မီးငြိမ်းသွားခဲ့သည်ဟုဆိုသည်။
တာဝန်ရှိသူများ၏ စစ်ဆေးတွေ့ရှိချက်အရ ဆိုလာဘက်ထရီရှော့ဖြစ်ရာမှ မီးလောင်ရခြင်းဖြစ်ကြောင်း တွေ့ရှိရသည်ဟု သိရပြီး ယင်းမီးလောင်မှုကြောင့် နေအိမ်မှမိသားစုဝင်များဖြစ်သော အသက်(၉၃)နှစ်အရွယ်ရှိ အဘွား(၁)ဦး၊ အငြိမ်းစား မြို့နယ်ပညာရေးမှူး(၂)ဦးနှင့် တာဝန်ထမ်းဆောင်ဆဲ မူလတန်းကျောင်းအုပ်ဆရာမ(၁)ဦးတို့ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
crd//mht