နိုင်ငံတကာထူးခြားသတင်းများ
-ထရန့်သည် ဇလမ်းစကီးနှင့်ဖုန်းပြောပြီး ပူတင်နှင့် ၂ နာရီကျော်ဖုံးပြောခဲ့ပြီးနောက် ယူကရိမ်းသို့ ရုရှားက ဒရုန်း ၂၇၃ စီးစေလွှတ်တိုက်ခိုက်ခဲ့သည် ။
-ပြီးခဲ့သောရွေးကောက်ပွဲ၌ ဒီမိုကရက် သမ္မတလောင်း ကမ္မလာဟဲရစ် သည် အဆိုတော် ရီဟားနား ကို ဒေါ်လာ ၁၁ သန်းပေး၍ မဲဆွယ်ခိုင်းခြင်းမှာ ရာဇဝတ်မှု့မြောက်ကြောင်း ထရန့်က ဆိုသည် ။
-အဆင့် ၉ ဆီးကြိတ်ကင်ဆာ အရိုးထိပျံနှံ့နေကြောင်း ဆေးစစ်ချက် ထွက်ပေါ်ခဲ့သည့် သမ္မတဟောင်း ဂျိုးဘိုင်ဒန် သတင်းကြားရ၍ စိတ်မကောင်းပါဟု ထရန့်က ပြောသည် ။
-VOA အသံလွှင့်ဌာနပြန်ထုတ်လွှင့်နိုင်ရန် အလုပ်ထုတ်ခံရသောဝန်ထမ်းများက အသနားခံစာတင်သွင်းခဲ့သော်လည်း VOA အဆောက်အဦကို အစိုးရက အရောင်းစျေးကွက်တင်ထားသည် ။
-ထိုင်းတွင် ကိုဗစ်ကူးစက်သူ ၁၀၈၈၉၂ ဦးအထိရှိလာပြီး ၂၇ ဦးသေဆုံးသည် ၊ မြန်မာ၌ ၁ ဦး ရောဂါတွေ့ရှိသည် ။
ပြည်တွင်းထူးခြားသတင်းများ
-ဗန်းမော်မှပြန်ထွက်လာသော ရဟတ်ယာဥ် စက်ချို့ယွင်း၍ ရွှေကူမြို့အနီးပျက်ကျရာ ရှာဖွေကယ်ဆယ်ရေးလုပ်နေသည် ။
-ကျောက်မဲ မိုင်းလုံ ရှိ ပလောင်သူပုန်စခန်း ဗုံးကြဲခံရ၍ အကြီးအကျယ်ပျက်စီးခဲ့ကြောင်း သိရသည်။
-မြိုင်နယ် ဗဟင်းရေနံလုပ်ကွက်များရှိ ထ္မင်းဆိုင် ဗုံးကြဲခံရရာ PDF ခေါင်းဆောင် ၈ ဦး သေဆုံးကြောင်းသိရသည် ။
-ရန်ကုန်မြို့ YBS ၇၀ ပေါ်တွင် မိမိဖုံး ခါးပိုက်နိုက်ခံရ၍ ပြန်လုယူသော အသက် ၁၉ နှစ်အရွယ်လူငယ်ကို ခါးပိုက်နိုက်များက ကားပေါ်မှဆွဲချဝိုင်းရိုက်ရာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။