ကျောင်းအပ်နှံရေး သီတင်းပတ်ကာလ သတ်မှတ်

၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်၏ ကျောင်းအပ်နှံရေး သီတင်းပတ်ကာလကို မေလ (၂၂) ရက်မှ ဇွန်လ (၁) ရက်အထိသတ်မှတ်ထားကြောင်း သိရသည်။

ကျောင်းအပ်နှံရာတွင်လည်း မည်သည့်အခကြေးငွေမျှ ပေးစရာမလိုကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီးဖြစ်သည်။

ကျောင်းအုပ်ဆရာ၊ ဆရာမများ အားလုံးအပါအဝင် အရာထမ်း၊ အမှုထမ်းအားလုံးအနေဖြင့် မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်း/လက်ခံခြင်းမပြုရန်၊ ငွေကြေး/လက်ဆောင်ပစ္စည်း တစ်စုံတစ်ရာ လက်ခံခြင်းမပြုရန်၊ အတန်းတံဆိပ်၊ ကျောင်းတံဆိပ်နှင့် အခြားမည်သည့်ပစ္စည်းကိုမျှ ရောင်းချခြင်းကို မပြုလုပ်ရန် အသိပေးထားသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းအပ်နှံသည့်ကျောင်း သား၊ ကျောင်းသူများကို ကျောင်းသုံးဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံများကိုလည်းအခမဲ့ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျောင်းလခ၊ မိဘဆရာ အသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာကြေးနှင့် စာကြည့်တိုက်ကြေး အပါအဝင် မည်သည့်အခကြေးငွေကိုမျှ လုံးဝမကောက်ခံကြောင်းနှင့်အကယ်၍ ကောက်ခံခြင်းပြုပါက ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးသို့ အသိပေးတိုင်ကြားနိုင်ပြီး ပညာရေးဝန်ကြီး ဌာနသို့ သတင်းပေးပို့တိုင်ကြားနိုင်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *