အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်စပ်မှတ်တိုင် ၅၉ ဖြတ်ကျော်ပြီး အိန္ဒိယနိုင်ငံအတွင်း ဓါးပြဝင်တိုက်တဲ့ အကြမ်းဖက် NUG လက်အောက်ခံ ပကဖ ၁၀ ဦး ကို အာသံရိုင်ဖယ်တပ်ဖွဲ့က အသေပစ်သတ်ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
နယ်စပ်မှတ်တိုင် ၅၉ အနီးမှာ မေလ ၁၄ ရက်က PDF အကြမ်းဖက်အဖွဲ့နဲ့ အာသံရိုင်ဖယ်တပ်ဖွဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။
ဖြစ်စဉ်အတွင်း အိန္ဒိယစစ်တပ်ဘက်က အကြမ်းဖက် PDF များ၏ AK-47 ၇ လက်၊ RPG လောင်ချာ ၁ လက်၊ M-4 ကာဘိုင် ၁ လက်၊ ရိုင်ဖယ် ၄ လက်နဲ့ ကျည်မျိုးစုံ သိမ်းဆည်းရမိတယ်လို သတင်းမှာ ဆက်လက်ဖော်ပြထားပါတယ်။


