KIA ကို မထောက်ခံသူများရဲ့ ဗန်းမော်မြို့အောင်ပွဲ

KIA ဟာ ရှမ်းနီတွေ အများဆုံးနေတဲ့ ဗန်းမော်မြို့ကို ၂ ကြိမ်တိတိ မြို့သိမ်းတိုက်ပွဲတွေ လုပ်ခဲ့ကြပါတယ်။ ၂ ကြိမ်စလုံး အရှုံးကြီးရှုံးပြီး ထွက်ပြေးသွားခဲ့ရပါတယ်။

သူပုန်တွေ မြို့ကို လာတိုက်ပြီဆိုကတည်းက ဒေသခံတွေရဲ့ စည်းစိမ်ဉစ္စာ ပိုင်ဆိုင်မှုအိမ်တွေ ပျက်စီးခဲ့ရတယ် (တချို့ အသက်တွေတောင် သေခဲ့ကြတယ်)။ ဒီနေရာပြောချင်တာက ဗန်းမော်မြို့ဆိုတာ ကချင်လူမျိုးတွေချည်းနေတဲ့မြို့ မဟုတ်ပါ။ ရှမ်းနီလူမျိုး အများစုနေထိုင်ပြီး အခြားလူမျိုးတွေလည်း ရှိကြပါတယ်။

ဗန်းမော်ကို လာတိုက်တဲ့ KIA က မြို့ပေါ်က ကချင်လူမျိုးတွေရဲ့ အိမ်တွေကို ဘာမှမလုပ်ဘဲ အခြားတိုင်းရင်းသားတွေရဲ့ နေအိမ်တွေမှာ စခန်းချတယ်၊ လူမရှိတဲ့အိမ်ထဲက အဖိုးတန်ပစ္စည်းတွေကို ကချင်လူမျိုးတွေရဲ့ အိမ်ထဲကို ယူဆောင်ပြီး ခိုးယူကြတယ်ဆိုတာ မျက်မြင်တွေပဲ ဖြစ်ပါတယ်။

အဲဒီတော့ ဗန်းမော်မြို့မှာနေတဲ့ အခြားတိုင်းရင်းသားလူမျိုးတွေက KIA ကို မုန်းတီးလာတယ်။ ဗန်းမော်မြို့ ဘယ်နေရာမဆို KIA တွေ ခိုအောင်းတဲ့နေရာတွေ၊ စခန်းချတဲ့နေရာတွေကို စစ်တပ်ကို အတိအကျ သတင်းပေးလာလို့ KIA အပါ အကြမ်းဖက်သူပုန်တွေ ဖွာဆုတ်သွားပြီး ထွက်ပြေးခဲ့ကြရတယ်။

ဒါ့အပြင် အချို့ KIA/PDF တွေက သေနတ်တွေဖွက်ပြီး ဒေသခံစစ်ရှောင်လို ဟန်ဆောင်ကြတယ်။ ဒါဟာ အကြမ်းဖက်တွေ အတွက် မဟာအမှားတစ်ခုပဲ။ ဒေသခံတွေက သူတို့ကို မြို့ခံမဟုတ်ဘူးဆိုတာနဲ့ စစ်ရှောင်တွေကို ကယ်ထုတ်လာတဲ့ စစ်ကြောင်းက အသာလေး စစ်ကြည့်လိုက်ရုံနဲ့ ပေါ်ပါတယ်။ အဲဒီ ဖမ်းမိအကြမ်းဖက်သမားတွေဆီကလည်း ရန်သူစုဖွဲ့နေရာ အတိအကျကို တပ်က ရရှိခဲ့တယ်။ ဒါကြောင့် KIA တမဟ ၄ ခုလောက် ပြုတ်သွားတယ်ဆိုတာ မဆန်းလှ ပါဘူး။

အခုဆိုရင် ဗန်းမော်မှာ Drone တွေနဲ့ ရန်သူအခြေအနေကို24 နာရီမပြတ်ကင်းထောက်နေနိုင်သလို မင်းခေါင် စစ်ကြောင်းကလည်း မြေပြင်မှာ ဝင်ရှင်းနေပါတယ်။ Drone တွေကြောင့် မြေပြင်က မင်းခေါင်စစ်ကြောင်းက သာသာယာယာ အလောင်း/လက်နက် ကောက်ရုံပါပဲ။

လက်ရှိအချိန်မှာ ဗန်းမော်မြို့မှာရှိတဲ့ စစ်ကြောင်းတွေကို လိုအပ်တဲ့ ပစ်ကူ၊ လက်နက်/ရိက္ခာတွေ မပြတ် ဖြည့်ဆည်းပေးနိုင်ခဲ့သလို ဗန်းမော်မြို့ရဲ့ ၆၅ % ကိုလည်း တပ်မတော်က ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပါကြောင်း ရေးသားဖော်ပြလိုက်ပါတယ်။

တိုက်ပွဲသတင်းစုံ

Leave a Reply

Your email address will not be published. Required fields are marked *