နိုင်ငံတကာထူးခြားသတင်းများ
-အစ္စတန်ဘူးလ် ဆေးနွေးပွဲပျက်ပြီးနောက် အရပ်သားကားတစ်စီး ရုရှားဒရုန်းထိသဖြင့် လူ ၉ ဦးသေ ၇ ဦးဒဏ်ရာရကြောင်း ယူကရိန်းက ပြောသည် ။
-အီရတ်နိုင်ငံ ဘက္ကဒက်တွင် အာရပ်အဖွဲ့ချုပ်အစည်းဝေးလုပ်နေဆဲ ဂါဇာတွင် အစ္စရေးဗုံးကြဲ၍ လူ ၇၀ ကျော်သေသည် ၊ အီရတ်ဝန်ကြီးချုပ်က ဂါဇာပြန်လည်ထူထောင်ရန် ဒေါ်လာ သန်း ၄၀ ကူညီမည်ဟုပြောသည်။
-မြန်မာအကြီးအကဲများကိုလူ့အခွင့်ရေးချိုးဖောက်မှု့ဖြင့် ICJ ၍ တရားလိုလုပ်ခဲ့သူရှေ့နေသည် ၎င်း၏ ရုံးဝန်ထမ်းမိန်းမပျိုအား အဓမ္မပြုကျင့်မှု့ဖြင့် ရာထူးချခံရသည်။
-Golden Dragon အမည်ဖြင့် ကေမ္ဘာဒီးယား – တရုတ် ကြည်းရေလေ ပူးတွဲစစ်ရေးလေ့ကျင့်မှု့ မေလကုန်အထိလုပ်မည်ဖြစ်သည် ။
-ထိုင်းတွင် ကိုဗစ်မျိုးကွဲသစ် အိုမီခရွမ် XEC ကူးစက်သူ ၇၁၀၀ ကျော် နှင့် သေဆုံးသူ ၁၉ ဦးအထိရှိလာပြီး မြန်မာနယ်စပ် ရနောင်း အထိ ပျံ့လာသည်။
-အမေရိကန် လေဆင်နှာမောင်း ကင်တပ်ကီ တွင် ၁၄ ဦး ၊ လော်ရေး တွင် ၉ ဦး ပေါင်း ၂၃ ဦးသေ ၊ ၃၅ ဦးဒဏ်ရာရသည် ။
ပြည်တွင်းထူးခြားသတင်းများ
-မိတ္ထီလာ ၊ တံတားဦး ၊ မှော်ဘီ ၊ မကွေး ၊ တောင်ငူ လေတပ်စခန်းများအနီးတွင် PDF များချထား၍ ဂျက်ဖိုက်တာတက်သည်နှင့် တော်လှန်ရေးနယ်မြေသို့ သတ်မှတ် code SMS ပေးပို့သတိပေးခြင်းစနစ် ဆောင်ရွက်ထားကြောင်း NUG က ပြောသည် ။
-တောင်ငူလေတပ် ရှော့တိုက်ဒုံးအပစ်ခံရသော်လည်း ထိခိုက်မှု့မရှိပါ ။
-မြင်းခြံ ၊ ဆီမီးခုံ ၊ တောင်သာ ၊ နွားထိုးကြီး တဝိုက် PDF တို့အထိနာနေသည်။