ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲဝင်ရန် ကျားဖြူပါတီအနေဖြင့် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ယနေ့ (မေလ ၁၈ ရက်) တွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၌ကျင်းပသော ဗဟိုဌာနချုပ်ရုံးဖွင့်ပွဲတွင် ပြောကြားခဲ့ခြင်းပါတယ်။ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)အနေဖြင့် လက်ရှိတွင် ရုံးခန်းပေါင်း (၁၂၀)ကျော်ဖွင့်လှစ်ထားပြီး ဖြစ်ပြီး ပါတီဝင်စုစုပေါင်း (၄)သိန်းကျော်ရှိပြီဖြစ်ကြောင်း သိရပါတယ်။
“ ပါတီဝင်တွေကလည်း ၄သိန်းကျော်သွားပြီ ။ ပထမဆုံးက သတ်မှတ်ထားတဲ့ မြို့နယ် ၁၁၀ ပြည့်မီအောင် ကြိုးစားတယ်လေ။ ပြည့်မှီတာက ပြီးခဲ့တဲ့ တစ်လ ကျော်လောက်က ပြည့်မီတယ်။ အခုလည်း ထပ်ပြီးဖွင့်နေတယ်။ ဧရာဝတီဆိုရင် ၂၆ မြို့နယ်လုံးဖွင့်နိုင်တယ်။ ရန်ကုန်မှာ ၃၀ ကျော်ပြီ။ ဒီလကုန်ဆိုရင် ၃၅ မြို့နယ်လောက်ဖွင့်နိုင်မယ်။ ပဲခူးတိုင်းက ရှိတာက ၂၈ မြို့နယ်ပဲ။ ၂၇ မြို့နယ် ဖွင့်ပြီးပြီလို့” ဦးစိုင်းအိုက်ပေါင်း ပြောပါတယ်။#News