မေလ ၁၆ ရက် (ယနေ့) မွန်းလွဲပိုင်းအချိန်က မိမိလခရစစ်ကြောင်းကို နှောင့်ယှက်ပစ်ခတ်နေသည့် ကျောက်ဖြူမြို့နယ်အတွင်းရှိ အကြမ်းဖက် AA အဖွဲ့၏ အခြေပြုနေရာ ၂ ခုအား ရှင်းလင်းသိမ်းပိုက်ခဲ့ပြီး ရန်သူထွက်ပြေးသွားခဲ့။ ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ –
(၁) အကြမ်းဖက် AA အလောင်း ၄ လောင်း
(၂) သေနတ် ၄ လက်
- Type81 သေနတ် ၃ လက်
- MA3 သေနတ် ၁ လက်
(၃) ကျည်အိမ်မျိုးစုံ ၁၃ ခု
(၄) ကျည်မျိုးစုံ ၄၀ ကျော်တို့အား သိမ်းပိုက်ရရှိခဲ့ပါသည်။




