အိုးထိမ်းတွင်းရွာ
စာသင်ကျောင်းကိစ္စ နဲ့ပတ်သက်ပြီး
ပြောစရာတွေ ရေးစရာတွေ
အများကြီးရှိပါတယ်။
ဒီထဲကမှ Documentry လာရိုက်ပြီး
အမှန်တရားကိုဖုံးကွယ်ဖို့ကြိုးစားနေတဲ့
CDM ကထိက ဒေါ်ရတီအုန်း
ဘာလဲ ဘယ်လဲ… ?
ဒေါ်ရတီအုန်းဆိုတာ
ပညာတတ် ကထိကဆိုတဲ့ ဂုဏ်ပုဒ်ကို
အကာအကွယ်ယူပြီးတော့ Exile Media တွေကနေတဆင့် ဝါဒဖြန့်နေတဲ့
PDF တယောက်ပါပဲ ။
တခါတလေ
Medical Cover လိုလို
Rescue လိုလို ပုံမှားရိုက်လေ့ရှိပေမယ့်
တကယ်တမ်း Gun ကိုင်ပြီး
လက်နက်ကိုင်လမ်းစဥ်လိုက်နေတဲ့
PDF တယောက်ဖြစ်တယ်ဆိုတာကို
ဓာတ်ပုံမှတ်တမ်းတွေနဲ့ ယှဥ်ပြီးကြည့်နိုင်ပါတယ် ။
ဒေါ်ရတီအုန်းရဲ့တာဝန်ကဘာလဲ
CDM Pdf ဒေါရတီအုန်းက
ချင်းပြည်နယ်နဲ့ စစ်ကိုင်းဒေသတွေမှာ
လှုပ်ရှားနေတဲ့ Pdf တယောက်ဖြစ်သလို
နစကရဲ့လေကြောင်းတိုက်ခိုက်ခံရတဲ့ နေရာတိုင်းမှာရှိနေတတ်ပြီးတော့
ကလင်ဒါကျစကားလုံးတွေဖြစ်တဲ့
“လူသားချင်းစာနာထောက်ထားမှု”
“ကလေးငယ်တွေရဲ့စာသင်ကျောင်း”
“လက်နက်ကိုင်လုံးဝမရှိတဲ့ စာသင်ကျောင်း”
စသဖြင့် ပြောဆိုပြီး Talk Show အမြဲလုပ်လေ့ရှိတာကြောင့် PDF Influencer အဖြစ်
နစကရဲ့ လေကြောင်းတိုက်ခိုက်မှုကို
ဝါဒဖြန့်ရေး တာဝန်ယူထားသလား…?
၂၀၂၃ ဖေဖော်ဝါရီလ ခမ်းပတ်မြို့
၂၀၂၃ ဧပြီလ ဝေဘူလမြို့
၂၀၂၃ ဩဂုတ် သာစည်ရွာ
၂၀၂၄ ဇန်နဝါရီလ ကနန်းရွာ
၂၀၂၅ မေလ အိုးထိမ်းတွင်းရွာက
လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်တွေကို
သွားရောက်ရိုက်ကူးပြီး ဝါဒဖြန့်ခဲ့ဖူးပါတယ်။
ဒေါ်ရတီအုန်း အမြဲပြောတဲ့စကားက
“ဒါက စာသင်ကျောင်း ၊
လက်နက်ကိုင်လုံးဝမရှိဘူး” ဆိုတာပါပဲ ။
သူရဲ့ Video တွေကို
ကြည့်ဖူးတဲ့သူတွေကတော့မှတ်မိမှာပါ။
ဒီတော့ အိုးထိမ်းတွင်း
စာသင်ကျောင်းကလေကြောင်းတိုက်ခိုက်မှုဆိုရင် ဝေဘူလက လေကြောင်းတိုက်ခိုက်မှုမှာသွားရောက်ရိုက်ကူးထားတဲ့
နောက်ခံ အဆောက်အဦးကိုယှဥ်ကြည့်ပြီး
ခွဲခြမ်းစိတ်ဖြာလို့ရနိုင်ပါတယ် ။
ဘာလို့ဒီလို စကားပလ္လင်ခံနေသလဲဆိုတော့
အိုးထိမ်းတွင်း ပေါက်ကွဲမှုက
လေကြောင်းတိုက်ခိုက်ခံရတဲ့ ပတ်ဝန်းကျင်မဟုတ်တဲ့ အနေအထားတွေကြောင့်ဖြစ်ပါတယ်။
(၁)အချက်
စာသင်ကျောင်းရဲ့ အမိုးနဲ့မျက်နှာကျက်ပျက်ဆီးထားတယ် ၊
ပေါက်ကွဲမှုကြောင့်မြင်ရတဲ့အနေအထားက
Air Strike မိထားတဲ့ အနေအထားမဟုတ်ဘူး။
(၂)အချက် စာသင်ခန်းအတွင်းက
စားပွဲခုံတွေရဲ့ထိခိုက်ပျက်ဆီးမှုက
Air Strike မိထားတဲ့ ပုံစံမျိုးမဟုတ်ဘူး ။
(၃)အချက် ကျောင်းနံရံတွေထိခိုက်မှုရှိပေမယ့် ပြိုကျပျက်ဆီးနေတာ မတွေရတဲ့အပြင်
ထိခိုက်ပျက်ဆီးမှုက Aerial Bomb ရဲ့
ဒဏ်ခံထားရတဲ့ အနေအထားမဟုတ်ဘူး
(၄)အချက် Air Strike တိုက်ရိုက်မိတဲ့ စာသင်ကျောင်းရဲ့ ကြမ်းခင်း Floor တွေမှာ
Penetrated Amunition လက်ဏ္ခာမတွေ့ရဘူး ။
(၅)အချက် ပျက်ဆီးထားတဲ့ မျက်နှာကျက်ပြား Shera Board, ကျိုးပဲ့နေတဲ့ သစ်သာအမိုးဒိုင်း, ပြုတ်ထွက်နေတဲ့ ဝရံတာလက်ရန်း စတာတွေရဲ့ပျက်ဆီးမှုက
လက်လုပ်မိုင်းဒဏ်ထိထားတဲ့ ပုံစံတွေ့ရတယ်။
(၆)အချက်က Board ပေါ်က စာသင်ထားတဲ့ noted တွေပဲ ။
အခန်း (၄)ခန်းရှိတဲ့ တထပ်စာသင်ဆောင်မှာ
အခန်း (၃)က G1 ကစပြီး G12 အထိရှိတဲ့ အတန်းတွေကို ဘယ်လိုပုံစံနဲ့ စာသင်ကြသလဲ ၊
တခြား ကောက်ချက်ချစရာ
မြေပြင်အနေအထားတွေအများကြီးရှိပါသေးတယ် ။
ဆိုတော့ ဒေါ်ရတီအုန်းက
ဘယ်နေရာကနေ အိုးထိမ်းတွင်းကိုလာတာလဲ ၊
အိုးထိန်းတွင်းမှာပဲ လှုပ်ရှားနေတဲ့ CDM PDF လား ဆိုတာလဲ ထည့်စဥ်းစားရဦးမှာပါ။
ဒီနေရာမှာ တိုက်ခိုက်မှု
ကြီးကြီးမားမားဖြစ်တဲ့အခါတိုင်း
ဒေါ်ရတီအုန်းက ဘာလို့မြေပြင်ကို
ရောက်ရောက်လာတာလဲ ။
တကယ်တော့ ဒေါ်ရတီအုန်းက
အနီအမာခံ CDM တယောက်ပါ၊
ကလေးကျောင်းက CDM မလုပ်တဲ့
ဆရာ၊ဆရာမတွေကို Social Punishment လုပ်တာကနေစပြီး
လုပ်ကြံ သ တ် ဖြတ်ဖို့အထိ ဖိအားပေးခဲ့တဲ့
ပညာတတ် အသိဉာဏ်မဲ့တယောက်ဖြစ်နေတယ်ဆိုတာပါပဲ ။
ဆိုလိုရင်းကို ပြန်ဆက်ရရင်
အိုးထိမ်းတွင်းက
လေကြောင်းတိုက်ခိုက်မှုဟုတ်မဟုတ် ၊
ပေါက်ကွဲမှုဖြစ်ရတဲ့အကြောင်းကို
မြေပြင်ဒေသခံသတင်းနဲ့ချိတ်ဆက်ပြီး
Youtube ကUnion News မှာ
သီးခြားတင်ဆက်ဖို့ရှိပါတယ် ။
အဲဒီ့ Clips မတင်ခင်
ဒီစာကိုရေးလိုက်ရတာက
နစကရဲ့လေကြောင်းတိုက်ခိုက်မှုအနေနဲ့
ပုံမှားရိုက်ဝါဒဖြန့်နေတဲ့ အနှီပုဂ္ဂိုလ်ရဲ့
အနေအထား ၊ဆောင်ရွက်နေတဲ့ပုံစံနဲ့ ၊
video clips မှာတွေ့ရတဲ့ အပျက်အဆီးတွေကိုကြည့်ပြီး အရင်ဆုံး ချိန်ထိုးရေးသားလိုက်တာပါ။
အထက်က အချက်တွေနဲ့ယှဥ်ပြီး
ကြည့်မယ်ဆိုရင်တောင် ဒါက
Air Strike ဟုတ် မဟုတ် သိနိုင်ပါတယ်။
ပိုပြီးပြည့်စုံသွားအောင်
ဒေါ်ရတီအုန်းရဲ့ဓာတ်ပုံတချို့ကိုပါ
တွဲတင်ပေးလိုက်ပါတယ်။
ထူးမောင်_ဖန်ခါးမြေ





