မေလ ၁၄ ရက် ၊ ဗုဒ္ဓဟူးနေ့ မနက်ခင်းသတင်းများ

နိုင်ငံတကာထူးခြားသတင်းများ

-၁၉၈၄ ခုနှစ်မှစတင်ပေါ်ပေါက်လာသော လူ ၄၀၀၀၀ ကျော်သေပြီးဖြစ်သည့် နှစ် ၄၀ ကြာ တူရကီ ကာ့ဒ်သူပုန် PKK ခွဲထွက်ရေးအဖွဲ့ လက်နက်ချ ခဲ့သည် ၊ နိုင်ငံမဲ့ ကာဒ့် လူမျိုးစုများသည် တူရကီ အပါအဝင် ဆီးရီးယား ၊ အီရတ် တို့၌လည်း တိုက်ခိုက်ခဲ့ကြသည် ။

-အမေရိကန်နိုင်ငံ မိုဝါကီ မြို့တိုက်ခန်းမီးလောင်မှု့ ၄ ဦးသေဆုံးပြီး ၄ ထပ်တိုက်ပေါ်မှခုန်ချကြ၍ ၁၂ ဦးဒဏ်ရာရသည် ။

-အာဖဂန်တွင် စစ်တုရင်ကစားခြင်းသည် လောင်းကစားမှု့မြောက်သဖြင့် ပိတ်ပင်လိုက်ကြောင်း တာလီဘန်အစိုးရကထုတ်ပြန်သည် ။

ပြည်တွင်း ထူးခြားသတင်းများ

-ဒီပဲယင်း အိုးထိမ်းကွင်းရွာ ပေါက်ကွဲမှု့ကြောင့် သေဆုံးဒဏ်ရာရသူများခဲ့ရာ မန္တလေးကို ဆေးလာကုသူ အမည်မဖော်လိုသူတစ်ဦးက အဆိုပါကိစ္စသည် လေကြောင်းတိုက်ခိုက်မှု့ကြောင့်မဟုတ်ဘဲ စာသင်ကျောင်းအတွင်း လက်နက်ထုတ်လုပ်နေသော PDF များ ဗုံးသီးဂဟေဆော်ရာမှ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည် ၊ ပေါက်ကွဲမှု့ကြောင့် ခလေး ၂၀ ခန့်သေဆုံးပြီး ၃၀ ခန့်ဒဏ်ရာရခဲ့သည် ၊ မန္တလေး၌ဆေးလာကုနေသူ ၆ ဦးရှိသည်။

-ဂန့်ဂေါအရှေ့ဘက် လယ်မ ရွာ PDF စခန်း ရှင်းလင်းခံရပြီး PDF ၇ ဦးကိုလက်နက်များနှင့်အတူ အသေ ရပြီး ၂၀ အရှင်မိသည်။

-ရသေ့တောင် AA ထောက်ပို့စခန်း ဗုံးကြဲခံရ၍ ထောက်ပို့တာဝန်ခံ လှမောင်ချေ အပါအဝင် AA ၁၃ ဦးသေသည် ။

-ရွေး/ကော် ဥပဒေ အရ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဝင်ပြိုင်မည့်ပါတီများသပ်မှတ်ချက်၌ မိမိယှဥ်ပြိုင်မည့်ပြည်နယ်/တိုင်းတွင် အနည်းဆုံး မြို့နယ် ၅ ခု၌ ရုံးခန်းဖွင့်ရန်နှင့် ပါတီဝင် ၁၀၀၀ ရှိရမည်ဆိုသည့်အချက်မှာ ရခိုင် ၊ ကယား နှင့် ချင်း ပြည်နယ်များအတွက် မဖြစ်နိုင်ကြောင်း ၊ ထို့ကြောင့် ဖြေလျှော့ပေးသင့်ကြောင်း ရခိုင့်ဦးဆောင်ပါတီဥက္ကဌ ဒေါက်တာအေးမောင်ကပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *