နိုင်ငံတကာထူးခြားသတင်းများ
-ဗြိတိန် နှင့် ကန် ကုန်သွယ်ရေးသဘောတူညီမှု့ရခဲ့၍ ဗြိတိန်မှတင်သွင်းမည့် သံနှင့်အလျူမီနီယံ ကို အခွန်ကင်းလွတ်ပြီး ကန် မှ အမဲသား နှင့် ပဲဘိစပ် တင်သွင်းမှု့ဖွင့်ပေးရမည်ဆိုသည်။
-မော်စကိုတွင် ပူတင်နှင့် ရှီ တို့ ၃ နာရီကြော်ကြာဆွေးနွေးအပြီး ကြေငြာချက်ထုတ်ရာ၌ အနောက်နိုင်ငံများ၏ ဗိုလ်ကျစိုးမိုးမှု့ကို ပူးတွဲ ဆန့်ကျင် သွားမည်ဟု ပါရှိသည် ။
-တက္ကဆက်တွင် သာမာန်မဟုတ်သည့် အပြာရောင်မိုးရေများ ရွာသွန်းခဲ့သည်။
ပြည်တွင်းထူးခြားသတင်းများ
-ကော့ဘဇား လေဆိပ်မှတဆင့် မြန်မာတပ်သားနှင့်ရဲ အရပ်သား ၆ ဦး ပေါင်း ၃၄ဦး မြန်မာသို့ပြန်ပို့သည် ။
-ဖားကန့် ဂွင် ဆိုင်းဖာ ၊ ကန့်မှော် တဝိုက် တိုက်ပွဲပြင်းထန်ခဲ့ပြီး KIA တို့ဆုတ်ခွာနေရသည်။
-အစိုးရ ဟိုတယ်ခရီးဝန်ကြီးဌာနက ကြေငြာချက်ထုတ်ရာတွင် ငလျင်ဘေးသင့်နေရာများသို့ ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက်လေ့လာပါက ဗဟုသုတ ရနိုင်သဖြင့် လာရောက်လည်ပါတ်ကြရန် ဖိတ်ခေါ်ထားသည်။
-စက်သုံးဆီတင်သွင်းသူများကို ကန် ဒေါ်လာ ၃၃ သန်း နှင့် ထိုင်းဘတ် သန်း ၂၀၀ ထုတ်ရောင်းခဲ့၍ 92 တစ်လီတာ ၂၈၂၅ ကျပ် အထိ ကျဆင်းခဲ့သည်။
-မော်စကိုတွင် နိုင်ငံတော်အကြီးအကဲ၏ဇနီးနှင့် ဆွေးနွေးနေသော ရုရှားအမျိုးသမီးပရိုဂရမ် ဥက္ကဌ မာရီနာကာရင်နိုဗာ က BRICS အမျိုးသမီးကဏ္ဍတွင် မြန်မာကိုထည့်သွင်းပေးမည်ဖြစ်ကြောင်းနှင့် ပညာရေး၊စီးပွားရေး၊ယဥ်ကျေးမှု့ နှင့် နျူကလီးယားကဏ္ဍကိုပါ အသိပညာ မျှဝေမည်ဟုသိရသည်။