ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ရတနာပုံရပ်ကွက်၊ အသုံးမပြုတော့သည့် မီးရထားဘူတာတွင် အရက်အလွန်အကျွံသောက်ပြီး သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကိုတွေ့ရှိခဲ့ကြောင်း သိရသည်။
ထိုအမျိုးသားမှာ ရတနာပုံရပ်ကွက်တွင် နေထိုင်သည့် အသက်(၆၂) နှစ်အရွယ် ဦးဇာနည်မှာ မေလ ၆ ရက်ေ န့တွင် ရာသီဥတုပူပြင်းသောကြောင့် ဘူတာရုံတွင် သွားအိပ်မည်ဟု မိသားစုဝင်များကိုပြောပြီး ထွက်သွား ကြောင်း၊ ၎င်းမှာ မေလ ၇ ရက်နေ့တွင် နေအိမ်သို့ပြန်ရောက်မလာသောကြောင့် မိသားစုဝင်တစ်ဦးမှ လိုက်လံ ရှာဖွေရာတွင် ထိုအသုံးမပြုတော့သည့် မီးရထား ဘူတာတွင် သေဆုံးနေသည့် ရုပ်အလောင်းကို တွေ့ရှိခဲ့ ကြောင်း သိရသည်။
ထိုအလောင်းကို ဥသျှစ်ပင်တိုက်နယ်ဆေးရုံတွင် စစ်ဆေးရာ ၎င်းမှာ အရက်အလွန်အကျွံသောက်ပြီး အသဲချောက်၍ သေဆုံးသည့် လက္ခဏာဖြစ်နေကြောင်းလည်း စစ်ဆေးတွေ့ရှိရသည်။
Photo – Credit