မေ ၉ ရက် သောကြာနေ့ မနက်ခင်းသတင်းများ

နိုင်ငံတကာထူးခြားသတင်းများ

-အိန္ဒိယလေကြောင်းတိုက်ခိုက်မှု့ကြောင့် ပါကစ္စတန်ရှိ ကုလမှ အလိုရှိသူ အကြမ်းဖက်ခေါင်းဆောင် မာဆွတ် အပါအဝင် ၆၀ ကျော်သေဆုံးပြီး အိန္ဒိယ၏ ပြင်သစ်လုပ်အဆင့်မြင့် ရာဖေးတိုက်လေယာဥ် ၃ စီး ၊ MIG 29 တစ်စင်း ၊ SU 30 တစ်စင်းနှင့် ဒရုန်း တစ်စင်းတို့အား ချန်ဒူးကုမ္ပဏီထုတ် J-10 C ဂျက်တိုက်လေယာဥ်ဖြင့် မိုင်၉၀ အထိပစ်ခတ်နိုင်ကာ အသံထက် ၄ ဆမြန် တရုပ်ထုတ် PL – 15 ဒုံးကျည်ဖြင့်ပစ်ချနိုင်ခဲ့ခြင်းဖြစ်ကြောင်း ပါကစ္စတန်ကကြေငြာသည်။ ထို့ကြောင့် ပြင်သစ်ရာဖေး ကုမ္ပဏီရှယ်ယာ ၅%ကျဆင်းပြီး တရုပ်ချန်ဒူးကုမ္ပဏီ ရှယ်ယာစျေးတက်သွားသည်။

-တူရကီစစ်သေင်္ဘာအချို့ ကရာချိ ဆိပ်ကမ်းသို့ရောက်ရှိလာသည် ။

-ယူကရိန်းနယ်မြေများအား ရုရှားသို့ပေးအပ်ခြင်းသည် ခေတ်သစ်အညံ့ခံခြင်းပုံစံဖြစ်ကြောင်း သမ္မတဟောင်း ဂျိုးဘိုင်ဒန် က ဝေဘန်လိုက်သည်။

-ဟောင်ကောင်လေလံပွဲတစ်ခု၌ ဗုဒ္ဓ၏ ဓါတ်တော်အချို့ကို လေလံပစ်ရန်စီစဥ်မှု့ အိန္ဒိယကန့်ကွက်၍ လေလံပွဲပျက်သွားသည် ၊ ထိုဓါတ်တော်များကို ကိုလိုနီခေတ် လွန်ခဲ့သောနှစ် ၁၃၀ ခန့်က အင်္ဂလိပ်အရာရှိတစ်ဦးက ဂါယာရှိ ကုသိန္နာရုံမှ တူးဖော်သွားခြင်းဖြစ်ပြီး ဓါတ်ခွဲခန်း စစ်ဆေးချက်ရလဒ်များအရ ဗုဒ္ဓ၏ဓါတ်တော်အစစ်များဖြစ်ကြောင်း ဆိုသည် ။

-အိန္ဒိယနှင့် ပြဿနာဖြစ်နေစဥ် ဖမ်းဆီးထောင်ချထားသော သမ္မတဟောင်း အာမီယာခန်းအား ပါကစ္စတန်အစိုးရက ပြန်လွှတ်လိုက်သည် ။

-ရခိုင်ပြည်နယ်တွင် AA ၏ အုပ်ချုပ်မှု့အဆင့်တိုင်း၌ ဘင်္ဂလီကိုယ်စားလှယ်ပါရမည်ဟု ကုလမှ တဆင့် တောင်းဆိုထားကြောင်း ဘင်္ဂလားဒေရှ့် အစိုးရအကြံပေး ခါလီဒါရာမန်ကပြောပြီး AA နှင့်ဆက်ဆံရေးမလုပ်ရန် မြန်မာအစိုးရ၏တောင်းဆိုချက်ကို ပါယ်ချခဲ့သည် ။

ပြည်တွင်းထူးခြားသတင်းများ

-မုံရွာ ကျောက်ကာတောင်ရွာ နှင့် မြောက်ရွာ ၊ မြိုင်မြို့နယ် ပေါက်ပင်ကိုင်း ၊ လေဒါန် ၊ သစ်ကြီးတော ၊ ကောလင်းမြို့နယ် ရှောက်ပင်ချောင် ဒေသများရှိ အကြမ်းဖက် PDF စခန်းများ ရှင်းလင်းခံရသည် ။

-ဗန်းမော်တွင် KIA/AA/PDF များအထိနာနေပြီး KIA များဆုတ်ခွာသွားသဖြင့် AA နှင့် PDF အချို့ အလင်းဝင်ခဲ့ကြောင်း သတင်းထွက်ပေါ်သည် ။

ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ဗဟိုပြု ငလျင်ငယ် လှုပ်ခတ်မှု့ကြောင့် အထပ်မြင့်နေရန်ကုန်လူထု ထိတ်လန့်ခဲ့ကြရသည် ။

-မိတ္ထီလာမြို့နယ်တွင် ရန်ကုန်အဝေးသင်တက္ကသိုလ်မှ ကထိက ဒေါ်ဝင်းဝင်းအောင်ကို CDM မလုပ်၍ဟုဆိုကာ PDF များက ဖမ်းခေါ်သွားသည်။

Leave a Reply

Your email address will not be published. Required fields are marked *