🔸လာရှိုးဖြစ်စဉ်မှ မဟုတ်ဘူး တပ်မတော်တစ်ရပ်လုံးမှာ အကြောင်းအမျိုးမျိုးကြောင့် သေဆုံး၊ ပျောက်ဆုံး သူများရဲ့ ခံစားခွင့်နဲ့ လစာတွေကို ရရှိအောင် ဆောင်ရွက်ပေးနေတဲ့ နေရာတွေ အများကြီးရှိတယ် အခက်အခဲရှိရင်ပြောဆိုဆွေးနွေးလို့ရအောင်လည်း PCT Call Center ဖွင့်ထားပါတယ်။
🔸ပျောက်ဆုံးအရာရှိ/စစ်သည် လစာကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ လစာ ၁၀၀ ရာခိုင်နှုန်း အား ကျန်ရစ်သူ ဇနီး၊ မိသားစုများထံသို့ ၆ လအထိ ထုတ်ပေးသလို စစ်ဆင်ရေးနယ်မြေအတွင်းရှိ ရဲမေများကိုလည်း ရိက္ခာ/အမယ်စုံတွေလည်း ထုတ်ပေးလျက်ရှိပါတယ်။
🔸၆ လပြည့်ပြီး သေဆုံးစာရင်းထုတ်ပြန်ပြီးလျင် ခံစားခွင့်များရရှိအောင် အမြန်ဆုံးဆောင်ရွက်ပေးလျက်ရှိပါတယ်။
🔸ဒီကိစ္စမှ မဟုတ်ဘူး အရာရှိ/ စစ်သည်/ မိသားစုဝင်များ အဆင်မပြေတာရှိရင်လည်း ရဲဝံ့စွန့်စားပြည်ချစ်သား Tiktok အကောင့် ပုံ ၂ ပါ Tiktok လင့်လည်း သွားပြောလို့ရပါတယ် (ဆက်သွယ်ရန်နှိပ်ပါ (https://www.tiktok.com/@pctnews.media))
ပြည်ဖျက်မီဒီယာ ခေတ်သစ်က အခြေအမြစ်မရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား နည်းလမ်းမျိုးစုံ သုံးပြီး သွေးခွဲသပ်လျှိုလုပ်ထားတဲ့ သတင်းအမှားပါ။

