ချောင်းထဲရေဆင်းချိုးရာမှ မိချောင်းအကိုက်ခံမှု ဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ရေကျော်တိုးကျေးရွာအုပ်စု၊ ရွာသာအေးကျေးရွာတွင် ယမန်နေ့ညနေ ၆ နာရီအချိန်ခန့်က ချောင်းထဲရေဆင်းချိုးရာမှ မိချောင်းအကိုက်ခံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ရေကျော်တိုးကျေးရွာအုပ်စု၊ ရွာသာအေးကျေးရွာနေ မောင်လှမင်းသန့်၊ ၁၈ နှစ်၊ (ဘ)ဦးမင်းသန့်သည် နေအိမ်နောက်ဖေးရှိ ချောင်းအတွင်းသို့ ရေးဆင်းချိုးခဲ့ရာမှ ရေးချိုးပြီးပြန်အတက်တွင် ခြေတောက်၌ ရွှံ့များပေနေသဖြင့် နောက်တဖန်ချောင်းအတွင်း ခြေတောက်ပြန်ဆေးချိန်တွင်း မိချောင်းအကိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။

၄င်းမှ အော်ဟစ်အကူညီတောင်းသဖြင့် ဖခင်ဖြစ်သူမှာအိမ်ပေါ်မှဆင်းလာပြီး မိချောင်းအားဝင်လုံးခဲ့သောကြောင့် မောင်လှမင်းသန့် မှာ လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မောင်လှမင်းသန့် မှာ မိချောင်းအကိုက်ခံရသဖြင့်၄င်း၏ ဘယ်ခြေသလုံးပေါက်ပြဲ၊ ဝမ်းဗိုက်ပေါက်ပြဲဒါဏ်ရာများရရှိခဲ့ပြီး ဖျာပုံမြို့နယ်၊ အမာမြို့နယ်ခွဲ၊ ကျုံကတွင်းဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရကြောင်း သတင်းရရှိပါသည်။

crd//pan

Leave a Reply

Your email address will not be published. Required fields are marked *