TNLA သူပုန်၏ စခန်းကုန်း ၁ ခု သိမ်းပိုက်ရရှိ (နောင်ချို)

မေလ ၆ ရက်နေ့ ညနေပိုင်းအချိန်က မိမိလခရစစ်ကြောင်းများအား နှောင့်ယှက်တိုက်ခိုက်နေသည့် နောင်ချိုမြို့အနီး အကြမ်းဖက် TNLA စခန်းကုန်း ၁ ခု အား တောင်ခမ်းစစ်သည်တော်များက စီးနင်းသိမ်းပိုက်ရရှိခဲ့ပါသည်။ ဖြစ်စဉ်တွင် မိမိစစ်သည် ၂ ဦး (ကျော်ဟိန်းထိ)ဒဏ်ရာရရှိပြီး၊ ရန်သူ့ထံမှ –
(၁) အကြမ်းဖက် TNLA ၂ လောင်း
(၂) AK-47 သေနတ် ၁ လက်
(၃) ကျည်အိမ်/ကျည်ဆန်များ
(၄) လက်ပစ်ဗုံး/မိုင်းများ
(၅) ကွန်ကရစ်ဘန်ကာ ၂ လုံး
(၆) သဲအိတ်ဘန်ကာ ၆ လုံး
(၇) ဆသရမြောင်း ၅၀၀ ပေခန့်
(၈) ပစ်ကျင်း ၅ ကျင်း
(၉) Fox Hole ၆ ကျင်း တို့အား သိမ်းပိုက်ရရှိခဲ့ပါသည်။

မိမိကို လာတိုက်ခိုက်သောရန်သူကို တုံ့ပြန်ရန်အခွင့်အရေးရှိတဲ့အတွက် ရန်သူ့စခန်းကုန်းပါ သိမ်းပိုက်လိုက်ခြင်း ဖြစ်သည်။

Congratulations ပါ တောင်ခမ်းဖိုက်တာများ 🏆🏆🏆

Leave a Reply

Your email address will not be published. Required fields are marked *