ဗန်းမော်မှာ သေဆုံးမှုများလာလို့ မီဒီယာစစ်ဆင်ရေးလုပ်လာနေတဲ့ အကြမ်းဖက်များ

ဗန်းမော်မှာ နှစ်ဘက်ပစ်ခတ်တိုက်ခိုက်မှုတော့ ရှိပါတယ်။

စကခကို တိုက်ဖို့ အင်အား စုစည်း အသုံးပြုလာတဲ့ KIA PDF AA နဲ့ AB အချို့ပါဝင်တဲ့အဖွဲ့တွေက ယခင်မျက်နှာစာကို မသုံးနိုင်တော့လို့ မြို့ထဲ စိမ့်ဝင်လာခဲ့ပြီး စကခကို ထိုးဖောက်နိုင်ရန်ကြိုးစားခဲ့လို့ အေပြီ ၂၅ ရက်နေ့က စပြီး နေ့စဉ် ပစ်ခတ်မှုများရှိပါတယ်။

ရဟတ်ယာဉ်ချီ စစ်ကူအဖွဲ့ရောက်လာပြီးနောက်ပိုင်း မူလရှိနေတဲ့ တပ်ဖွဲ့ဝင်များနဲ့ပေါင်းစပ်ပြီး မင်းခေါင် အမည်ပေး ထားတဲ့ စစ်ကြောင်းက မြို့ထဲ ခိုအောင်းနေတဲ့ ဝဲစားများကို ပြင်းပြင်းထန်ထန် ရှာဖွေချေမှုန်းနေလို့ ဝဲစားများ ထိခိုက်မှု များပါတယ်။

ယခင်ရှိနေတဲ့ အကြမ်းဖက်သူပုန်များ အင်အားပြုန်းတီးလာလို့ အညာဘက်က NUG အကြမ်းဖက်အဖွဲ့များနဲ့ လိုင်ဇာက တပ်သား သစ်များ ထပ်ပို့နေပါတယ်။

မေလ ၅ ရက် တစ်ရက်ထဲမှာ မြို့တွင်းက အကြမ်းဖက်များခိုအောင်းတဲ့နေရာတွေကို လေကြောင်း ဒရုန်း လက်နက်ကြီး အကူအညီနဲ့ မြေပြင်တပ်များ တပြိုင်တည်းဝင်ရှင်းလို့ PDF တပ်များ ပြန်ဆုတ်နေပါတယ်။

အကြမ်းဖက်သူပုန်များရဲ့ ခဲယမ်းနဲ့ ရိက္ခါထောက်ပံ့နေတဲ့ လမ်းကြောင်း ဖြတ်တောက် နိုင်ပြီဖြစ်လို့ မင်းခေါင် စစ်ကြောင်းရဲ့ ထိုးစစ်က အရှိန်မြင့်တက်လာနိုင်ပါတယ်။ အခုလည်း အထိအခိုက်အနည်းဆုံးနဲ့ အောင်မြင်မှုတွေရနေပါတယ်။ ပုံတွေရရင် တင်ပေးပါမယ်။

လက်ရှိမှာတော့ အကြမ်းဖက်အဖွဲ့က ပုံအဟောင်း/ ဗီဒီယိုအဟောင်းတွေနဲ့ သူတို့ကျရှုံးမှုတွေကို ဖုံးဖိဖို့ သိသိသာသာဝါဒဖြန့် လာတာ တွေ့ရှိရပါတယ်။ မီဒီညာနဲ့ သူပုန်လော်ဘီတွေကို မယုံလေနဲ့။

Leave a Reply

Your email address will not be published. Required fields are marked *