ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်ရှိ တံတားတစ်စင်းကို KNU/PDF များက ဒုတိယအကြိမ် မိုင်းခွဲဖျက်ဆီး

ဒီမိုကရေစီလိုချင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လက်နက်ကိုင်ထားတဲ့ KNU/PDF အကြမ်းဖက်အုပ်စုက ရန်ကုန် – မော်လမြိုင် ကားလမ်းမပေါ်မှာရှိတဲ့ မိုးကောင်းတံတားကို မေ ၃ ရက် ည ၁၁ နာရီကျော်အချိန်မှာ မိုင်းခွဲဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီမိုကရေစီဘက်တော်သား အကြမ်းဖက်သမားများအနေနဲ့ မွန်ပြည်နယ်၊ သထုံမြို့နယ်ကို ဖြတ်သွားတဲ့ အဲဒီမိုးကောင်းတံတားကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ပထမအကြိမ် မိုင်ခွဲဖျက်ဆီးခဲ့တဲ့အတွက် အစိုးရက ပြန်လည်ပြုပြင်နေချိန်မှာ ယခုလို ဒုတိယအကြိမ် ထပ်မံဖျက်ဆီးခံတာဖြစ်ပါတယ်။

ယခုလို ဒုတိယအကြိမ် ဖျက်ဆီးလိုက်တဲ့အတွက် ကုန်စည်စီးဆင်းမှုဆောင်ရွက်နေကြတဲ့ ကားတွေနဲ့ ခရီးသွားပြည်သူတွေရဲ့ကားတွေဟာ အဲဒီကားလမ်းပေါ်မှာ မော်လမြိုင်မြို့နယ်အထွက် ကျိုက္ကော်ရွာကနေ စတင်ပိတ်မိနေကြပြီး အချို့အိမ်စီးကားအပါအဝင် ကားအသေးလေးတွေက ရွာထဲကနေ ဖြတ်သန်းသွားနေကြရတယ်လို့ သိရပါတယ်။

#mhtnews

Leave a Reply

Your email address will not be published. Required fields are marked *