(၁၂) ကြိမ်မြောက် အာဆီယံရေတပ်အရာရှိငယ်များ တွေ့ဆုံပွဲအား မြန်မာနိုင်ငံတွင် ကျင်းပ

(၁၂) ကြိမ်မြောက် အာဆီယံရေတပ်အရာရှိငယ်များ တွေ့ဆုံပွဲ (12th ASEAN Navy Young Officers Interaction) ကို မြန်မာနိုင်ငံက ဒုတိယအကြိမ် အိမ်ရှင်အဖြစ်လက်ခံပြီး ဧပြီလ ၂၈ ရက်မှ မေလ ၁ ရက်အထိ (၄) ရက်တိုင်တိုင် ရန်ကုန်မြို့ LOTTE HOTEL ၌ ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။  

အာဆီယံနိုင်ငံများမှ ရေတပ်အရာရှိငယ်များသည် ဧပြီလ ၂၈ ရက်တွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် အသီးသီးရောက်ရှိခဲ့ကြပြီး ဧပြီလ ၂၉ ရက်တွင် ဖွင့်ပွဲအခမ်းအနားတက်ရောက်ခြင်း၊ နိုင်ငံအလိုက် ရေတပ်သမိုင်းကြောင်းရှင်းလင်းခြင်းနှင့် “ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် ရေကြောင်းလုံခြုံရေးပေါင်းစည်းညီညွတ်အားဖြင့် ဟန်ချက်ညီဆောင်ရွက်ကြပါစို့” ခေါင်းစဉ်အား ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။ 

အာဆီယံရေတပ်အရာရှိငယ်များသည် တပ်မတော် (ရေ) လှေလှော်ရွက်တိုက်အသင်း (အင်းလျားကန်) တွင် လှေလှော်ခြင်းနှင့် ရွက်တိုက်ခြင်းပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသလို အမှတ် (၁) ဗျူဟာစစ်ရေယာဉ်စုမှ စစ်ရေယာဉ်၊ ရေတပ်လေ့ကျင့်ရေးဌာနချုပ်၊ ရွှေတိဂုံဘုရားနှင့် ဗိုလ်ချုပ်အောင်ဆန်းဈေးတို့သို့ သွားရောက်လေ့လာခဲ့ကြပြီးနောက် မေလ ၁ ရက်နေ့က သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

crd//

Leave a Reply

Your email address will not be published. Required fields are marked *