နိုင်ငံတကာ ထူးခြားသတင်းများ
-တူရကီတွင် ၆.၂ နှင့် ၅.၉ ရှိ ငလျင် များလှုပ်ခတ်ခဲ့ပြီး လူ ၁၅၀ ဒဏ်ရာရသည် ၊ ၂၀၂၃ ခုနှစ်ကပြင်းအား ၇.၇ ငလျင် လှုပ်ခဲ့စဥ်က လူ ၆၀၀၀၀ ကျော်သေဆုံးခဲ့သည် ။
-အိန္ဒိယ – ပါကစ္စတန်နယ်စပ် စစ်ရေး တင်းမာနေပြီး အိန္ဒိယမှ မြစ်ဖျားခံစီးဆင်း၍ ပါကစ္စတန်အတွက် အဓိကရေချိုရရှိရေးအရင်းမြစ်ဖြစ်သည့် အိန္ဒုမြစ်အား အိန္ဒိယဘက်မှ ပိတ်ဆို့လိုက်သည် ။
-ဘန်ကောက် ကွန်ဒို အခန်းတစ်ခု၌ KNU ထံပို့မည့်လက်နက်ခဲယမ်းများ ထိုင်းရဲကဖမ်းမိသည် ၊ ၎င်းမှာ ဧပြီ ၂၃ ရက်နေ့က ချင်းမိုင်တွင်ဖမ်းမိသော KNU ထံပို့မည့်လက်နက်များနှင့်ဆက်စပ်နေသည် ။
-မော်စကို၌ အမေရိကန်အထူးကိုယ်စားလှယ် စတိဝပ်စကော့နှင့် ပူတင် ဆွေးနွေးပြီးနောက် ငြိမ်းချမ်းရေးရတော့မည်ဟု ထရန့်က ပြောလိုက်သည် ။
ပြည်တွင်းထူးခြားသတင်းများ
-မကွေးတိုင်း ကံမမြို့နယ် ရေနံသာရဲကင်းစခန်း PDF တို့၏တိုက်ခိုက်ခြင်းခံရသည်။
-ဝက်လက်မြို့အတွင်းသို့ PDF ဒရုန်းဗုံးများချခဲ့သော်လည်း ထိခိုက်မှု့မရှိပါ ။
-ကရင်ပြည်နယ် ကော့ကရိတ် နှင့် ပဲခူး – ရခိုင်အစပ် ညောင်ကျိုးတစ်ဝိုက် တိုက်ပွဲပြင်းထန်နေသည် ။
-ငလျင်အတွက် ပြည်သူလူထုအလှူငွေအဖြစ် ကျပ်ငွေ ၁၁၅၈၇၆ ဘီလျံ ၊အမေရိကန် ဒေါ်လာ ၂ . ၄၃၇ သန်း ၊ ကိုးရီးယားဝမ် ၅ သန်း ၊ အိန္ဒိယရူပီး ၁၅ သန်း ၊ ထိုင်းဘတ် ၂ သန်း ၊ စင်ကာပူဒေါ်လာ ၃၁၅၀ တို့ရရှိခဲ့သည် ။
-ကချင်ပြည်နယ်ဝိုင်းမော်မြို့ ဝန်ထမ်းအိမ်ယာအား KIA ရှော့တိုက်ဒုံး ကျရောက်၍ လူရွယ်တစ်ဦးသေ ၂ ဦးဒဏ်ရာရသည် ။
-ဧပြီ ၂၈ မှ မေ ၅ ရက်အတွင်း နိုင်ငံအနှံ့မိုးရွာနိုင်သည်ဟု မိုးဇလ က ထုတ်ပြန်သည်။
-နေပြည်တော်စတင်တည်ဆောက်ခဲ့စဥ်က ပါဝင်ခဲ့သောကုမ္ပဏီကြီးများကို တည်ဆောက်ပြုပြင်ရေးအတွက်ပါဝင်နိုင်ရေး နေပြည်တော်စည်ပင်သို့ဆက်သွယ်ကြရန် သတင်းစာ၌ဖော်ပြသည် ။