KNUသို့ပို့မည်လက်နက်များဘန်ကောက်ကွန်ဒိုတစ်ခုတွင် သိမ်းဆည်းရမိ

ထိုင်းနိုင်ငံဘန်ကောက်မြို့၊ လတ်စီခရိုင်၊ထုန်းဆုန်ဟုန်မြို့နယ်၊ချိန်ဝပ်ထနာ၁၂ လမ်းသွယ်၂ကွန်ဒိုမီနီယံအခန်းတစ်ခုတွင်စစ်လက်နက်များ သိုဝှက်ထားသည်ဟူသော သတင်းအရစုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့ဝင်များဧပြီ၂၅ရက်တွင် ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာတွင် သက်သေခံပစ္စည်း အမြောက်အမြားကို သိမ်းဆည်းရမိခဲ့ကြောင်းထုတ်ပြန်ခဲ့သည်။

ယခုဖမ်းဆီးရမိမှုသည်ဧပြီ၂၃ ရက်ကချင်းမိုင်ခရိုင်၊ဖူပင်ရာဇနိဝေ့ရဲစခန်းမှရဲအရာရှိများမယ်ဟောင်ဆောင်ခရိုင်တွင်စစ်လက်နက်များလက်ဝယ်ထားရှိသောအမျိုးသားနှစ်ဦးကို ဖမ်းမိခဲ့သည့်နောက်ဆက်တွဲ အမှုဖြစ်ကြောင်းသိရသည်။

အဆိုပါအမျိုးသားနှစ်ဦးက ချင်းမိုင်ခရိုင်၊မြို့နယ်၊ချမ်းဖူးအိတ်ရပ်ကွက်မှသေနတ်များကို မယ်ဟောင်ဆောင်ခရိုင်ရှိကရင်အမျိုးသားအစည်းအရုံး (KNU) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သို့ပို့ဆောင်ရန်ငှားရမ်းခံခဲ့ရကြောင်းဝန်ခံခဲ့သည်။

ယခုလက်နက်များကိုလည်း ကရင်အမျိုးသားအစည်းအရုံး(KNU) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သို့ပို့ဆောင်ရန်ပြင်ဆင်နေခြင်းဖြစ်ကြောင်းထိုင်းရဲတပ်ဖွဲ့ကထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *