နေမျိုးဇင်က စစ်တပ်ကို ဝိုင်းတိုက်ဖို့ဆိုပြီး FB မှာ တင်ထားတဲ့ဗီဒီယိုမှာ နောက်က စိုက်ထားတဲ့ အပင်တွေက
ဘိန်းပင်တွေပါ။
နောက်ခံပုံထဲက ဘိန်းခင်းဟာ ဖြစ်သလိုစိုက်ထားတာ မဟုတ်ပါဘူး။ ရေပန်းတွေနဲ့ စနစ်တကျ စိုက်ထားတဲ့ပုံပါ။
လက်ရှိနေမျိုးဇင်ရောက်နေတာက ကယားပြည်နယ်ထဲက KNPP ကရင်နီသူပုန်တွေ ထိန်းချုပ်ထားတဲ့နေရာဆိုတော့
KNPP တွေက ဘိန်းစိုက်ပြီး ဝင်ငွေအကြီးအကျယ်ရနေပုံပါပဲ။
စစ်တိုက်ဖို့ဆိုရင် ငွေလိုပါတယ်။ သယံဇာတရှားပါးတဲ့၊ ဘာမှမထွက်တဲ့ ကယားပြည်နယ်မှာ ဒီလောက်များတဲ့ လူတွေကို လက်နက်နဲ့ ခဲယမ်းဆင်ဖို့ရယ် စားသောက်ဖို့အတွက် ရိက္ခာနဲ့ လစာတွေကို ဘယ်ကရတဲ့ ပိုက်ဆံနဲ့ ပေးနေလဲဆိုတာ
နေမျိုးဇင် နောက်ခံပြထားတဲ့ ပုံကို ကြည့်ရင် သိနိုင်ပါတယ်။
ပြီးတော့ နေမျိုးဇင်ရောက်သွားတဲ့ နေရာတိုင်းဟာ ဗုံးကြဲခံရသလို အမြောက်နဲ့ ပစ်ပြီးလဲ တိုက်ရိုက်ချေမှုန်းခံခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ဖူးတယ်။
၂၀၁၅ ခုနှစ်တုန်းက နေမျိုးဇင် ကချင်ပြည်နယ်ဖက်မှာ ငြိမ်းချမ်းရေးအတွက်ဆိုပြီး လိုင်ဇာမြို့ကို ချီတက်သွားခဲ့ဖူးသေးတယ်။
အဲ့တုန်းကလည်း လိုင်ဇာမြို့၊ KIA ဗိုလ်သင်တန်းကျောင်းကို စစ်တပ်က အမြောက်နဲ့ပစ်လို့ သူပုန်ဗိုလ်လောင်း အယောက် ၂၀ ကျော် သေခဲ့ရတဲ့ ဖြစ်စဉ် ရှိခဲ့ဖူးတယ်။
ခုလည်း အာဏာသိမ်းဖြစ်စဉ်စတဲ့ ၂၀၂၁ မှာ နေမျိုးဇင်ဟာ အဖမ်းမခံရပါဘူး။ ၂၀၂၃ ခုနှစ်ရောက်မှ ကယားပြည်နယ်ဖက်ကို ထွက်ပြေးခိုလှုံသွားခဲ့ပါတယ်။
ဒီတုန်းက ကယားပြည်နယ်မှာ စစ်တပ်နဲ့ တိုက်ပွဲတွေအတော်ပြင်းထန်နေတဲ့အချိန်…
တိုက်တိုက်ဆိုင်ဆိုင် နေမျိုးဇင် ရောက်သွားပြီးမှ ကယားပြည်နယ်ဖက်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာတွေ ထိရောက်လာပြီး ပြန်အသာစီးရလာတာဟာလည်း သိသာတဲ့ အချက်တစ်ချက်ပါ။
ခုလည်း နေမျိုးဇင်က KNPP က စနစ်တကျစိုက်ထားတဲ့ ဘိန်းခင်းပုံကို နောက်ခံထားပြီး FB မှာ ဗီဒီယိုထားပြန်တယ်။
ဒီပုံအရ KNPP ဟာ ဘိန်းစိုက်ပြီး စီးပွားရှာနေတာကို နိုင်ငံတကာသိအောင် အထူးသဖြင့် ထိုင်းနဲ့ အမေရိကန်က သိအောင်ပြထားတယ်။
(အမေရိကန်က မူးယစ်ဆေးဆိုရင် ကမ္ဘာပေါ်မှာ ဘယ်ဒေသကထွက်ထွက် လိုက်ပြီး ရှင်းတတ်တဲ့ နိုင်ငံပါ။)
ဒီပုံအရ
၁- KNPP က ဘိန်းကို သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေမှာ
တရားဝင်စိုက်ပျိုးပြီး တခြားနိုင်ငံတွေကို ရောင်းပေးနေတယ်။
၂- KNPP နဲ့ PDF တွေဟာလည်း မူးယစ်ဆေးကို တရားဝင် သုံးခွင့်
ရနေတယ်လို့ ယူဆရမယ်။
ကျေးဇူးပါ
မြေပြင်က နေဇင်ရေ….
htinmyataung
