ရုရှားနိုင်ငံ၊ မော်စကိုမြို၊ ရင်ပြင်နီ၌ ကျင်းပမည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား၌ ပါဝင်ချီတက်မည့် မြန်မာ့တပ်မတော်ကိုယ်စားပြု စစ်ရေးပြအဖွဲ ယနေ့တွင် ရုရှားနိုင်ငံသို ထွက်ခွာသွားပြီဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲမှ အသိပေးထုတ်ပြန်ထားပါတယ်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို၊ ရင်ပြင်နီ၌ ၂၀၂၅ခုနှစ်၊ မေလ ၉ ရက်တွင် ကျင်းပပြုလုပ်မည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား၌ ပါဝင်ချီတက်ရန် ဗိုလ်မှူးချုပ်မျိုးဆက်အောင် ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားပြု စစ်ရေးပြအဖွဲသည် ယနေ့ နေ့လယ်ပိုင်းတွင် မန္တလေးမြို၊ တံတားဦးလေဆိပ်မှ ရုရှားနိုင်ငံသို လေကြောင်းခရီးဖြင့် ထွက်ခွာပါတယ်။