ရခိုင်ပြည်နယ်မှာ AA အကြမ်းဖက်အဖွဲ့က ဘင်္ဂါလီတွေရဲ့ ပိုင်ဆိုင်မှုတွေကိုပဲ အတင်းအဓမ္မသိမ်းယူနေတာမဟုတ်ဘဲ ဒေသခံရခိုင်လူမျိုးတွေပိုင်ဆိုင်တဲ့ မြေယာတွေကိုလည်း အတင်းအဓမ္မသိမ်းယူနေတယ်လို့ သိရပါတယ်…
ပြီးခဲ့တဲ့ရက်က မင်းပြားမြို့နယ်မှာ AA အကြမ်းဖက်အဖွဲ့က နယ်မြေမှူး ညီပု ဆိုသည့် အကြမ်းဖက်ကအဖွဲ့ဝင် တစ်ဦးက ဒေသခံရခိုင်လူမျိုးတွေရဲ့ မြေယာတွေကို အတင်းအဓမ္မသိမ်းယူခဲ့လို့ ဒေသခံရခိုင်တွေနဲ့ AA အကြမ်းဖက်အဖွဲ့တွေအကြား တင်းမာမှုဖြစ်ပွားခဲ့ပြီး ဒေသခံရခိုင်တွေက AA နယ်မြေမှူး ညီပု ဆိုသူနဲ့ အဖွဲ့ဝင်တွေကို အော်ဟစ်ဆဲဆိုကာ ခွေးမောင်းသလို မောင်းထုတ်ခဲ့တယ်ဆိုပဲ…
ကိုယ့်လူမျိုးအချင်းချင်းအပေါ်ကိုတောင် လက်နက်အားကိုးနဲ့ ထင်တိုင်းကြဲအနိုင်ကျင့်နေတဲ့ AA အကြမ်းဖက်အဖွဲ့ကို ဒေသခံရခိုင်လူမျိုးတွေ ကလည်း ဝေဖန်ပြောဆိုလျက်ရှိကြောင်း သိရှိရသည်။