မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ အမှတ်(၁)ရပ်ကွက်၊ ရုံးညောင်ပင်စက်လှေဆိပ်တွင် ယနေ့မွန်းတည့် ၁၂ နာရီကျော်အချိန်ခန့်က ကလေး ၄ ဦး ရေဆင်းချိုးရာမှ ရေနစ်ပျောက်ဆုံးနေကြောင်း မီးသတ်တပ်ဖွဲ့ထံမှသိရသည်။
အဆိုပါ ရေနစ်မှုဖြစ်ပွားသည့်နေရာသို့ ညောင်ဦးမြို့နယ် မီးသတ်စခန်းမှ အထောက်အကူပြုယာဉ် ၁ စီး၊ Asault Boat ၁ စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အမှတ်(၅ )အရန်မီးသတ်စခန်းမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးယာဉ်(၁)စီးတို့ဖြင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ခဲ့ကြောင်း သိရသည်။
ထိုနောက် မွန်းတည့် ၁၂ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် ကျား ၁ ဦး(သေဆုံး)နှင့် မွန်းလွဲ ၁ နာရီ ၂၄ မိနစ်အချိန်ခန့် ကျား ၁ ဦး(သေဆုံး)တို့၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ပြီး ကျန် ၂ ဦးအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၂ နာရီကျော်အချိန်တွင် ကျား ၂ ဦး(သေဆုံး)တို့၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။