ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်မှုအနည်းငယ်ရှိခဲ့သည့် ကျောက်ဆည်မြို့က ကျောက်သေတ္တာစေတီကို ဖောက်ခွဲပစ်မည့်အစား ပညာရှင်များဖြင့်တိုင်ပင်ပြီး ဘေးကင်းစွာဆက်လက်ထားရှိနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။
လက်ရှိတွင် မန္တလေးတိုင်းဝန်ကြီးချုပ်၊ ကျောက်ဆည်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ကျောက်သေတ္တာ စေတီကိုသွားရောက်ကြည့်ရူကာ ဒရုန်းဖြင့်ရိုက်ကူးမှတ်တမ်းယူကာစောင့်ကြည့်၍ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။
ထို့ပြင် ပညာရှင်ဒေါက်တာယုမောင်နှင့် အဖွဲ့ကို ဖိတ်ကြားပြီး ဆောင်ရွက်နိုင်မည့် နည်းလမ်းများကိုလည်း အမြန်ဆုံးပြုလုပ်နေကြောင်း သိရသည်။
ထိုကျောက်သေတ္တာ စေတီတော်ကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုနှင့် ခိုင်ခံ့စေရေး ကျောက်တုံးအောက်ခြေ၌ Cement Grouting နည်းလမ်း၊ မြေထိန်းနံရံနှင့်သင့်လျော်မည့် နည်းလမ်းများကို နည်းပညာရှင်၊ အတတ်ပညာရှင်များ အကြံဉာဏ်များကိုရယူပြီး ဆောင်ရွက်နေကြောင်းလည်း သိရသည်။
crd//