ဧပြီ ၂၂ အင်္ဂါနေ့ မနက်ခင်းသတင်းများ

နိုင်ငံတကာထူးခြားသတင်းများ

-ပုတ်ရဟန်းမင်းကြီး ဖရန်းစစ် ( ၈၈ နှစ်) သည် မနေ့က ကွယ်လွန်ခဲ့သည် ။

-ထိုင်းတောင်ပိုင်း နရာသီဝပ် ပြည်နယ် မူအန်း ရဲစခန်းရှေ့ ရပ်ထားသော ဘေးတွဲဆိုင်ကယ် ဗုံးခွဲမှု့ နှင့် ဝါအင်းဒေသ လက်ပစ်ဗုံးပစ်ခတ်မှု့များကြောင့် လူ ၁၇ ဦး ဒဏ်ရာရသည် ။

-ဘင်္ဂလားဒက်ကာကွယ်ရေးဦးစီးချုပ် ရုရှားသွားခဲ့ပြီး ရုရှားရေတပ် ချစ်ကြည်ရေး စစ်သေင်္ဘာတစ်စီး ဘင်္ဂလားဒက်ဆိပ်ကမ်းကို ဆိုက်ကပ်ခဲ့သည် ၊ ဘင်္ဂလားဒက်တွင် ရုရှားတို့၏ အနုမြူဓါတ်အားပေးစက်ရုံ ၂ လုံး တည်ဆောက်ဆဲဖြစ်သည် ။

-UAE ၏ ကြားဝင်မှု့ဖြင့် ယူကရိန်းစစ်သုံ့ပန်း၄၅၅၂ ဦးကို ရုရှား စစ်သုံ့ပန်း ၂၄၆ ဦးနှင့်လဲလှယ်ခဲ့သည် ။

-အမေရိကန်ကာကွယ်ရေးဝန်ကြီးသည် group chat လူမှု့ကွန်ယက် တစ်ခုဖြစ်သော signal တွင် ဟူသီသူပုန်စခန်းများအားဗုံးကြဲမည့်နေ့ကို ဒုတိယအကြိမ် မျှဝေ ခဲ့မိ၍ ပြင်းထန်စွာ ဝေဘန်ခံနေရသည် ။

ပြည်တွင်းထူးခြားသတင်းများ

-နတ်မောက် PDF သည် လယ်ပြင်ကန် ရွာမှ အသက် ၃၇ နှင့် ၃၅ ရှိ အပြစ်မဲ့ရွာသား ညီအကိုနှစ်ဦးအား ပစ်သတ်ကာ ခွင့်ပြန်လာသူ ဒုမြို့နယ်အုပ်ချုပ်ရေးမှုးအား အဝေးပြေးကားပေါ်မှ ဆွဲချဖမ်းခေါ်သွားသည်။

-ထိုင်းနယ်စပ် မော်ဖားသူစခန်း KNU တိုက်ခိုက်၍ မိမိဆုတ်ခွာခဲ့ရပြီး ရွာသား ၂၅၀ ထိုင်းဘက်ထွက်ပြေးသည် ။

-မကွေးတိုင်းစလင်း ဆင်ဖြူကျွန်း နှင့်ပုသိမ်မုံရွာလမ်းတလျှောက်ရှိ PDF အုပ်စုများကို ရှင်းလင်းနေသော စစ်ကြောင်းများကို ဒေသခံများ ဝမ်းမြောက်စွာကြိုဆိုနေကြသည် ။

-တရုတ်/ အိန္ဒိယ ဘင်္ဂလာဒေ့ရှ် မှ ငလျင်ကယ်ဆယ်ရေးပစ္စည်း တန်ချိန် ၃၇၀၀ ကျော် သင်္ဘော/ လေယာဥ်/ ကားများဖြင့် ထပ်ရောက်လာသည် ။

-လားရှိုးတွင် တိန့်ရှီကျွမ်း နှင့် ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး တို့ရောက်နေပြီး မြို့တော်ခန်းမရှိ ကိုးကန့်အလံကိုဖြုတ်ချ၍ နိုင်ငံတော်အလံလွှင့်ထူခဲ့သည် ။

Leave a Reply

Your email address will not be published. Required fields are marked *