ရုရှားနဲ့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း သေဆုံးသွားခဲ့တဲ့ ယူကရိန်းစစ်သားရာချီရဲ့ရုပ်အလောင်းတွေကို ပြန်လည်လက်ခံရရှိခဲ့တယ်လို့ ယူကရိန်းအစိုးရက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် အဲဒီလက်ခံရရှိမှုဟာ သီတင်းပတ်သုံးပတ်အတွင်း ဒုတိယအကြိမ်မြောက် ရုပ်အလောင်းတွေကို ပြန်လည်လက်ခံရရှိမှုတစ်ခု ဖြစ်တယ်လို့လည်း သိရပါတယ်။
အကျဉ်းသားတွေနဲ့ စစ်သားရုပ်အလောင်းတွေ လဲလှယ်မှုဟာ ရုရှား-ယူကရိန်းစစ်ပွဲ စတင်ဖြစ်ပွားပြီးနောက်ပိုင်း နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ခဲ့တဲ့ နယ်ပယ်အနည်းငယ်တွေထဲက တစ်ခုဖြစ်တယ်လို့ လည်း သိရပါတယ်။ ယူကရိန်းအစိုးရက ”ရုရှားနဲ့တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့တဲ့ ယူကရိန်းစစ်သား(၉၀၉)ဦးရဲ့ ရုပ်အလောင်းတွေကို ပြန်လည်လက်ခံရရှိခဲ့ပါတယ်” လို့ သတင်းထုတ်ပြန်ထားပါတယ်။
ရုရှားနဲ့ယူကရိန်းတို့ဟာ ပြီးခဲ့တဲ့မတ်လ(၂၈)ရက်က အလားတူလဲလှယ်မှုတစ်ခုကိုပြုလုပ်ခဲ့ပြီး ယူကရိန်းဘက်က ရုပ်အလောင်း(၉၀၉)ခုကို လက်ခံရရှိခဲ့ပြီး ရုရှားဘက်က ရုပ်အလောင်း(၄၃)ခုကို လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးအကြိမ်လုပ်ဆောင်ခဲ့တဲ့လဲလှယ်မှုနဲ့ပတ်သက်ပြီး ရုရှားဘက်က မှတ်ချက်ပြုပြောဆိုတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။
crd//
