တွက်ချက်လို့ရတဲ့ ငလျင်ကြောပေါ်မှာ တည်ရှိနေတဲ့ အဆောက်အဦတွေကို ပြောင်းရွှေ့နေရာချထားရေးအတွက် ဆောင်ရွက်သွားဖို့ လိုပြီး နေပြည်တော်ရဲ့ မြို့အကွက်ချမှု ပုံစံကိုလည်း ပြန်လည်တွက်ချက် ရေးဆွဲသွားဖို့ စီစဉ်နေ တယ်လို့ ဧပြီ ၁၈ ရက်က ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ တက်ရောက် အမှာ စကားပြောကြားရာမှာ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
အစိုးရရုံးဌာနတွေနဲ့ ပတ်သက်ပြီး နေပြည်တော်ကောင်စီနယ်မြေရှိ ထိခိုက်မှု ဖြစ်ပေါ်ခဲ့တဲ့ အဆောက်အဦတွေအနက် ဖို့မြေပေါ်မှာ တည်ဆောက်ထားတဲ့ အဆောက်အဦတွေမှာ ပိုမိုထိခိုက်ပျက်စီးတာကို တွေ့ရတယ်လို့ ဆိုပါ တယ်။ဒါ့ကြောင့် ရုံးအဆောက်အဦတွေ ပြန်လည်တည်ဆောက်ရာမှာ မြေစမ်းသပ်မှုတွေ ဆောင်ရွက်ပြီးမှသာ အသစ် တည်ဆောက်တာ နဲ့ ပြုပြင်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်သွားရမှာ ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောပါတယ်။
အဲဒီအပြင် ငလျင်မကြာခဏလှုပ်ခတ်လေ့ရှိတဲ့ နိုင်ငံတွေက အဆောက်အဦတွေ တည်ဆောက်ထားရှိမှုတွေကို နမူနာ ယူပြီး တည်ဆောက်မှုတွေ ဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့လည်း ဆက်လက် ပြောကြားပါတယ်။ဒါ့အပြင် မိမိနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောနေရာတွေကို စနစ်တကျသုတေသန ပြုလုပ်သွားဖို့လိုပြီး ပြန်လည် တည်ဆောက်မယ့် အဆောက်အဦတွေဟာ ငလျင်ဒဏ်ကို ခံနိုင်တဲ့ အဆောက်အဦတွေ ဖြစ်ဖို့ လိုကြောင်းကိုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။