နိုင်ငံတကာ ထူးခြားသတင်းများ
-ထရန့်၏ ဖက်ဒရယ်အစိုးရအား ကယ်လီဖိုးနီးယားပြည်နယ်အစိုးရက မတရားအခွန်တိုးကောက်မှု့ဖြင့် တရားစွဲလိုက်သည် ၊ လူဦးရေ သန်း ၄၀ နေထိုင်သော ထိုပြည်နယ်သည် အခွန်ကြောင့် အခက်အခဲဖြစ်ခဲ့သည်ဟု ပြည်နယ်ဂါဗာနာ ယူဆွန် က ပြောသည်။
-ဂျပန် ၌ မျှော်လင့်ထားသည်ထက် လူဦးရေကျဆင်းမှု ပိုတိုးလာနေကြောင်း အစိုးရအတွင်းဝန်ချုပ် ယူရှီမာရှာဟိရာရှိ က ပြောသည် ၊ ဂျပန်၌ အသက်၆၅ နှစ်အထက်လူဦးရေသိသာစွာတိုးလာသော်လည်း ကလေးမွေးဖွားမှု့ လျှော့ကျခဲ့ကာ စစ်တမ်းများအရ ၂၀၂၀ ခုနှစ် တွင် လူဦးရေ ၁၂၆ သန်း ၊ ၂၀၂၁ တွင် ၁၂၅ သန်း ၊ ၂၀၂၂ တွင် ၁၂၄ သန်း သို့ ဆက်တိုက်ကျဆင်းခဲ့သည် ။
-မြန်မာအကြီးအကဲနှင့် မလေးရှားဝန်ကြီးချုပ် ၊ အကြံပေး သက်ဆင် တို့ ၃ ဦးသည် ထိုင်းနိုင်ငံ Rose Wood ဟိုတယ်၌ တွေ့ဆုံဆွေးနွေးခဲ့သည် ။
-အမေရိကန်ကာကွယ်ရေးဝန်ကြီးက တရုပ်သည် အမေရိကန်ရေတပ် သေင်္ဘာများကို မိနစ် ၂၀ အတွင်းနှစ်မြှုပ်နိုင်သည့်လက်နက်စနစ်ရှိနေကြောင်း ပင်တဂွန် ကို သတိပေးခဲ့သည် ။
ပြည်တွင်း ထူးခြားသတင်းများ
-အင်းစိန် ၊ အိုးဘို ၊ ပြည် ၊ ပေါင်းတည် ၊ ထားဝယ် ၊ ညောင်ဦး ၊ ပခုက္ကူ ၊ အကျဥ်းထောင်များမှ အကျဥ်းသား ၄၈၉၃ ယောက်လွတ်ငြိမ်းခွင့်ပြုခဲ့ပြီး အဂတိ ၊ လူသတ် ၊ မုဒိမ်း မပါ ကျန်အကျဥ်းသားများပြစ်ဒဏ် ၆ ပုံ ၁ ပုံ လျှော့ပေးခဲ့သည် ။
-AA သည် ၎င်းတို့ဖမ်းဆီးထားသော ဘင်္ဂလားဒက် ငါးဖမ်းသမား ၆၆ ယောက်နှင့် စစ်သုံ့ပန်းမိသားစု ၁၇၀ ကို ပြန်လွှတ်ပေးလိုက်ကြောင်း ကြေငြာခဲ့သော်လည်း မည်သူမည်ဝါကို ဘယ်နေရာ၌လွတ်ပေးကြောင်းမပါဝင်ပေ ။
-မနေ့ကမန္တလေးမြို့ကိုဗဟိုပြု၍ ပြင်းအား ၄.၅ ငလျင်လှုပ်သောကြောင့် ပြိုလက်စ မစိုးရိမ်တိုက်သစ် ဆက်ပြိုခဲ့သည် ။
-NUG ယာယီသမ္မတ ဆိုသူ လရှီးလ က တောင်ယာတဲငယ် တစ်လုံး အတွင်းမှ နေ၍ နှစ်သစ်ကူး မိန့်ခွန်းပြောရာတွင် နိုင်ငံတဝှမ်း ၄ ပုံ ၃ ပုံ ထိမ်းချုပ်နိုင်ပြီဖြစ်ကြောင်း ၊ ငလျင်ဒဏ်သင့် မန္တလေးမှ မြို့နယ် ၂၀ ၊ စစ်ကိုင်းမှ ၈ မြို့နယ် ၊ ရှမ်းတောင်မှ ၂ မြို့နယ် ၊ နေပြည်တော်မှ ၆ မြို့နယ် ရှိ မိသားစု ၉၀၂၆ စုတို့အား ငွေကျပ်သန်းပေါင်း၂၃၀၀ ကျော်ထောက်ပံ့ပေးခဲ့ကြောင်း ကြေငြာခဲ့သော်လည်း မည်သူမှလက္ခံရရှိခြင်းမရှိကြောင်းသိရသည် ။
ပြည်ထောင်စုနယ်မြေ နေပြည်တော် –
နေပြည်တော် PDF ခေါင်းဆောင် ဗိုလ်လင်္ကျာ ဆိုသူ နှင့် ခိုက်ရန်ဖြစ်ပွားပြီးနောက် နေပြည်တော် ၈၀၁ တပ်ရင်းမှုးဆိုသူ နှင့် တပ်ရေး ဆိုသူ တို့အား ဖမ်းဆီးခဲ့သည်ကိုမကြေနပ်၍ PDF တပ်သား ၆၄ ဦး နုတ်ထွက်စာတင် ၊ စခန်းစွန့်ခွာသွားကြောင်း သိရသည် ။