မလေးရှားနိုင်ငံ၊ ပီနန်မြို့တွင် ဧပြီ ၁၁ ရက်မှ ၁၃ ရက်အထိ ကျင်းပခဲ့သည့် PENANE INVITATIONAL JICA JUDO CHAM-PIONSHIP 2025 ပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့သော မြန်မာဂျူဒိုအသင်းအနေဖြင့် ရွှေတံဆိပ်ဆု ၅ ခု ငွေတံဆိပ်ဆု ၄ ခုနှင့် ကြေးတံဆိပ်ဆု ၃ ခု စုစုပေါင်း ဆုတံဆိပ် ၁၂ ခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲဝင် မြန်မာဂျူဒိုအသင်းသည် ဧပြီ ၁၂ ရက် (ဂျူနီယာတန်း)ပြိုင်ပွဲ ပွဲစဉ်များအပြီးတွင် အသက် ၁၂ နှစ်အောက် -36 kg ပြိုင်ပွဲ၌ မအိချစ်ဆုစံက ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ -38 kg ပြိုင်ပွဲ၌ မောင်မြတ်ဘုန်းခန့်က ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ အသက် ၁၀ နှစ်အောက် -24 kg ပြိုင်ပွဲ၌ မောင်သျှန်ကောင်းဆက်ပိုင်က ငွေတံဆိပ်ဆုကိုလည်းကောင်း၊ -28 kg ပြိုင်ပွဲ၌ မောင်ကောင်းကင်မင်းစစ်က ငွေတံဆိပ်ဆုကိုလည်းကောင်း၊ -32 kg ပြိုင်ပွဲ၌ မောင်အောင်ဇေထက်က ငွေတံဆိပ်ဆုကို လည်းကောင်း၊ -32 kg ပြိုင်ပွဲ၌ မခေတ်စံနန်းထွဋ်က ကြေးတံဆိပ်ဆု ကိုလည်းကောင်း အသီးသီးဆွတ်ခူးရရှိခဲ့သည်။
အလားတူ ဧပြီ ၁၃ ရက်တွင် ကျင်းပသော ဝိတ်တန်းများအလိုက် (စီနီယာတန်း)ပြိုင်ပွဲ ပွဲစဉ်များတွင်လည်း -55 kg ပြိုင်ပွဲတွင် မောင်ထိုက်ထိုက်ကျော်က ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ -57 kg ပြိုင်ပွဲတွင် မပိုးအိအိလွင်က ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ +70 kg ပြိုင်ပွဲတွင် မနန်းသဲနုနုစံက ရွှေတံဆိပ်ဆုကို လည်းကောင်း၊ -70 kg ပြိုင်ပွဲတွင် မယွန်းဝတီစိုးက ရွှေတံဆိပ်ဆုကိုလည်းကောင်း၊ -70 kg ပြိုင်ပွဲတွင် မဖြိုးရွှေဇင်ကျော်က ငွေတံဆိပ်ဆုကို လည်းကောင်း၊ -81 kg ပြိုင်ပွဲတွင် မောင်သန့်ဇင်ဝင်းအောင်က ကြေးတံဆိပ်ဆုကိုလည်းကောင်း ဆွတ်ခူးရရှိခဲ့ကြခြင်းဖြစ်သည်။အဆိုပါ PENANE INVITATIONAL JICA JUDO CHAMPIONSHIP 2025 ပြိုင်ပွဲတွင် မြန်မာဂျူဒိုအသင်းမှ အုပ်ချုပ်သူ၊ နည်းပြ/ဒိုင်ခြောက်ဦးနှင့် ဂျူနီယာတန်းတွင် အသက်(၁၀)နှစ်အောက်လေးဦး၊ အသက်(၁၂)နှစ်အောက်နှစ်ဦး၊ အသက်(၁၈)နှစ်အောက်တစ်ဦး၊ စီနီယာတန်းတွင် လူငယ်လေ့ကျင့်ရေးစခန်း(Youth Camp)မှ တစ်ဦး၊ ပဏာမလက်ရွေးစင်လေးဦး၊ အားကစားသမား ၁၂ ဦး စုစုပေါင်း ၁၈ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
crd//
