အညာ ပဒက်တွေနဲ့ KIA ကချင်သူပုန်တို့ရဲ့ အကွဲအပြဲလေးတွေက ခုဆို တဖြည်းဖြည်းအသံကျယ်လာပါပြီ။
–
KIA ဟာ ထုံးစံအတိုင်း တခြားလူမျိုးစုတိုင်းရင်းသားတွေအပေါ်ကို လူလည်ကျလေ့ရှိတော့ ခုလည်း အညာကလာပြီး သူတို့ဆီ သင်တန်းတက်တဲ့ ပဒက်တွေအပေါ် အမြတ်ထုတ် လူလည်ကျနေတာပါပဲ။
–
ဗန်းမော်ကို ဝိုင်းတိုက်နေတဲ့ KIA ဟာ သူ့ရဲ့ အမြဲတမ်း ကချင်သူပုန်တပ်တွေ အတော်များများ ကျဆုံးနေပြီး ဒဏ်ရာရသူနဲ့ တပ်ပြေးသူတွေလည်း အများကြီးဖြစ်နေပါတယ်။
–
တပ်မဟာ ၄ ခုလုံး သုံးပြီး ဗန်းမော်မြို့သိမ်းစီမံချက်နဲ့ ထိုးစစ်လုပ်နေပေမယ့် တပ်ဘက်က ခံစစ်ကို လုံအောင်ထားပြီး အမှည့်ခြွေတိုက်ခိုက်နေတာကြောင့် လည်း ထင်တိုင်းတိုးမပေါက်ဘဲ အကျအဆုံးက အတော်များပါတယ်။
–
ဒီတော့ KIA ဟာ သူရှေ့တန်းတင်ပြီး တိုက်ခိုင်းနေကျ အညာပဒက်တွေကို ဆင့်ခေါ်ပြီး ဗန်းမော်မှာ တိုက်ခိုက်ခိုင်းပါတယ်။
–
အညာကနေ ကချင်ကိုလာပြီး စစ်သင်တန်းတက်နေသူတွေကို ပြန်ခွင့်မပေးဘဲ အတွေ့အကြုံရအောင်အကြောင်းပြကာ ရှေ့တန်းမှာ သတ်ကွင်းထဲ အသေခံပြီးတိုက်ခိုင်းပါတယ်။
–
ဒါနဲ့တင်မလုံလောက်သေးတော့ သူတို့ စစ်သင်တန်းပေးထားတဲ့ အညာက ပဒက်အဖွဲ့တွေကိုပါ ပြန်လာပြီးတိုက်ပေးရမယ်လို့ အမိန့်ထုတ်ပါတယ်။
–
KIA ရဲ့ လူလည်ကျတာကို သိနေပြီဖြစ်တဲ့ အညာပဒက်အဖွဲ့တွေဟာ ဆင့်ခေါ်တာကို မသွားဘဲနဲ့ နေပါတယ်။ ဒါကို အမိန့်ဖီဆန်တယ်ဆိုပြီး ပြဿနာရှာနေရာကနေ ပဒက်နဲ့ KIA တို့ အဋိပက္ခအဆင့်အထိ ပြသနာ ကြီးထွားနေတာလည်းဖြစ်ပါတယ်။
