ဥပုသ်နေ့မှာ ဘုန်းကြီးကျောင်းကို PDF အကြမ်းဖက်များမှ ဒရော့ဗုံးချတိုက်ခိုက်

ဧပြီ ၁၃ ရက်နေ့က ပေါက်မြို့နယ်၊ ကုက္ကိုစုရွာ ဘုန်းတော်ကြီးကျောင်းတွင် ဥပုသ်သီတင်းဆောက်တည်နေကြစဉ် PDF အကြမ်းဖက်သမားများက ဒရုန်းအသုံးပြု၍ Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့ခြင်းကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဒေသခံများ၏ ဆက်သွယ်ပြောကြားချက်အရ Drop Bomb အလုံးပေါင်း ၄၀ ခန့် ပစ်ချတိုက်ခိုက်သွားခြင်းဖြစ်ရာ ဘုရားစေတီများ ထိခိုက်ပျက်စီးပြီး ကျောင်းတိုက်မှာလည်း ဆိုးရွားစွာ ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *