PDF အဖွဲ့၏ ရှင်မကန်ရွာအား Drop Bomb ချတိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦး သေဆုံး

ဧပြီ ၁၂ ရက် ညနေ ၄:၁၅ နာရီခန့်တွင် ပခုက္ကူမြို့နယ်ရှိ ရှင်မကန်ရွာအား Drone တစ်စီးဖြင့် Drop Bomb ၄ လုံးချပြီး အကြောင်းမဲ့ တိုက်ခိုက်ခဲ့ပါသည်။ အဆိုပါ အကြမ်းဖက်လုပ်ရပ်ကြောင့် ရှင်မကန်ရွာ၏ နေအိမ်ခြံဝန်းတစ်ခုသို့ ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့ပြီး အိမ်ထဲမှာထိုင်နေသည့် ဒေါ်စန်းဌေး [ (၆၅)နှစ်၊ (ဘ)ဦးလှဖေ ] သည် ဝဲပုခုံး၊ လည်ပင်းတို့တွင် ဗုံးစ ထိမှန်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။-အကြမ်းဖက် PDF များအနေဖြင့် ကျေးရွာများအား Drop Bomb ချတိုက်ခိုက်ခြင်း၊ လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်ခြင်းတို့အား မကြာခဏလုပ်ဆောင်လေ့ရှိပြီး အပြစ်မဲ့ပြည်သူအများအပြား သေဆုံး/ဒဏ်ရာရမှုများ ရှိခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *