တပ်မတော်မှ အပစ်ရပ်စဲထားမှုကို အခွင့်ကောင်းယူ၍ အလစ်အငိုက်လာရောက်တိုက်ခိုက်သော သူပုန်များ၏ ယုတ်မာသည့်လုပ်ရပ်များ (ဧပြီ ၁၁ ရက်)
(၁) ဗန်းမော်
ဧပြီလ ၁၁ ရက် ညနေ ၄ နာရီခန့်က ဗန်းမော်မြို့၊ ရဲတပ်ဖွဲ့မှူးရုံးအား အကြမ်းဖက် KIA အဖွဲ့မှ ကားတစ်စီးဖြင့် လာရောက်ကာ ပစ်ခတ်တိုက်ခိုက်လို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့။ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ ရန်သူ့ထံမှ –
– အကြမ်းဖက် KIA ၃ လောင်း
– M-22 သေနတ် ၁ လက်
သိမ်းဆည်းရရှိ။
–
(၂) တောင်ခမ်း
ဧပြီလ ၁၁ ရက် နံနက်ပိုင်းတွင် တောင်ခမ်းဒေသရှိ လခရစခန်းများအား အကြမ်းဖက် TNLA အဖွဲ့က Drone၊ လက်နက်ကြီး/ငယ်များဖြင့် လာရောက်တိုက်ခိုက်လို့ Drone နှင့် လက်နက်ကြီးများပစ်ခတ်ရာ ရန်သူ့နေရာအား တန်ပြန် ရှင်းလင်းချေမှုန်းခဲ့။ ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ –
– အကြမ်းဖက် TNLA ၂ လောင်း
– လက်နက်မျိုးစုံ ၃ လက်
– ကျည်အိမ်/ ကျည်ဆန်များ
သိမ်းပိုက်ရရှိ။
–
(၃) ဘောလခဲ
ဧပြီ ၁၁ ရက် ညအချိန်က ဘောလခဲမြို့နယ်အတွင်းရှိ လခရစခန်းအား အကြမ်းဖက် KNPP/KNDF အဖွဲ့က လာရောက် ပစ်ခတ်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့။ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ –
– အကြမ်းဖက် KNPP/KNDF ၂ လောင်း
– သေနတ် ၂ လက်
– ကျည်အိမ်/ကျည်ဆန်များ
သိမ်းဆည်းရရှိ။
–
(၄) ရွှေကျင်
ဧပြီ ၁၁ ရက် မနက် ၉ နာရီခန့်က ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ရွာအနီးရှိ လခရစခန်းအား အကြမ်းဖက် KNU/PDF များက လာရောက်တိုက်ခိုက်သဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့။ ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ –
– အကြမ်းဖက် KNU/PDF ၃ လောင်း
– လက်နက်မျိုးစုံ ၃ လက် (RPG, AK, M-4)
– ကျည်အိမ်/ခဲယမ်း/ဗုံးသီးများ
သိမ်းဆည်းရရှိ။
–
(၅) ဘော်စဲခို
ဧပြီ ၁၁ ရက် နေ့လည်ပိုင်းအချိန်က ဘော်စဲခိုဒေသရှိ လခရစခန်းအား အကြမ်းဖက် KNLA တမဟ(၅) အဖွဲ့မှ လာရောက်တိုက်ခိုက်သဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့။ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ –
– အကြမ်းဖက် KNLA ၂ လောင်း
– M-16 သေနတ် ၁ လက်
– ကျည်အိမ်/ကျည်ဆန်များ
သိမ်းဆည်းရရှိ။
–
အထက်ဖော်ပြပါဖြစ်စဉ်များသည် အကြမ်းဖက်သူပုန်များအနေနဲ့ ငလျင်ကယ်ဆယ်ရေးလုပ်ငန်း အင်တိုက်အားတိုက် လုပ်ဆောင်နိုင်ရန် တပ်မတော်မှ အပစ်ရပ်ဆဲထားမှုကို အခွင့်ကောင်းယူ၍ အလစ်အငိုက်လာရောက် တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပါသည်။
–
လာရောက်တိုက်ခိုက်သည့်ရန်သူများအား တုံ့ပြန်ရန်အခွင့်အရေးအရ တန်ပြန်ချေမှုန်းခြင်းသာ ဖြစ်ပါသည်။ တပ်မတော်မှ စတင်တိုက်ခိုက်ခြင်းမျိုး မရှိပါ။
