ဧပြီလ ၄ ရက် နေ့လည် ၁၁ ခန့်တွင် တောင်ခမ်းဒေသအတွင်းရှိ လခရတပ်စခန်းအား ယာယီအပစ်ရပ်ဆဲရေးကို အခွင့်ကောင်းယူပြီး အကြမ်းဖက် TNLA ၄၅ ဦးခန့်က ၂ ကြိမ်တိုင်တိုင် လာရောက်တိုက်ခိုက်ခဲ့၍ ပြန်လည်တိုက်ခိုက်ခဲ့ရာ ရန်သူမှာ ၎င်းတို့စခန်းကုန်းနေရာသို့ ပြန်လည်ထွက်ပြေးသွားခဲ့ပြီး ဆုတ်ခွာရန်သူနောက်သို့ တောင်ခမ်းကွန်မန်ဒိုစစ်ကြောင်းများမှ ထပ်ကြပ်လိုက်လံရှင်းလင်းရာ နေ့လည် ၁၂ : ၄၅ ချိန်တွင် ရန်သူ့စခန်းကုန်း ၂ ခုအား သိမ်းပိုက်ရရှိခဲ့။ ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး ကျဆုံးပြီး ၂ ဦး ဒဏ်ရာရရှိကာ ရန်သူ့ထံမှ -(၁) အကြမ်းဖက် TNLA ၃ လောင်း(၂) လက်နက် ၂ လက် – RPG ၁ လက် – Type-81 သေနတ် ၁ လက်(၃) ကျည်အိမ်မျိုးစုံ ၁၂ ခု(၄) ကျည်မျိုးစုံ ၁၂၄၁ တောင့်(၅) RPG ဒုံးသီး ၈ လုံး(၆) အီနာဂါ ၂ လုံး၊ လက်ပစ်ဗုံး ၂ လုံး(၇) ပစ်ကျင်း ၂၇ ကျင်း(၈) ဘန်ကာ ၂၄ လုံး(၉) ဆသရမြောင်း ၅၀၀ ပေခန့်တို့အား သိမ်းပိုက်ရရှိခဲ့သည်။ (ပုံများ ထပ်မံဖော်ပြပေးပါမည်)-တပ်မတော်အနေဖြင့် စတင်တိုက်ခိုက်ခြင်းမရှိဘဲ ယာယီအပစ်ရပ်ဆဲထားခြင်းကို အခွင့်ကောင်းယူ၍ အလစ်အငိုက် လာရောက်တိုက်ခိုက်သည့် မည်သည့်သောင်းကျန်းသူမဆို ပြင်းထန်သော တုံ့ပြန်တိုက်ခိုက်မှုကို ခံရမည်ဖြစ်ကြောင်း ထပ်မံ အသိပေးအပ်ပါသည်။
TNLA စခန်းကုန်းတစ်ခုအား သိမ်းပိုက်ရရှိ
