မတ်လ ၂၃ ရက် ၊ တနင်္ဂနွေနေ့ မနက်ခင်းသတင်းများ

ပြည်ပ ထူးခြားသတင်းများ

-တူရကီ သမ္မတ အာဒိုဂန် သည် ၎င်းအား ပခုံးခြင်းယှဥ်လာသူဟု ယူဆနိုင်သော အစ္စတန်ဘူး မြို့တော်ဝန် အီကရန်အီမာမိုရူး အား ဖမ်းဆီးခဲ့ရာ ဆန္ဒပြသူ ထောင်ချီ ရှိခဲ့သည် ။

-အစ္စရေး လှို့ဝှက်ထောက်လှမ်းရေး ရှင်းဘတ် အဖွဲ့ အကြီးအကဲ ဂူလန်ဘား အား ဟားမတ်စ် တိုက်ခိုက်မှု့ ကြိုတင်သတင်းမရခဲ့သဖြင့် အစိုးရအဖွဲ့အတွင်း မဲခွဲဆုံးဖြတ်၍ အလုပ်မှထုတ်ပစ်ခဲ့သောကြောင့် တဲလ်အဗစ် တွင် လူထောင်ချီ ဆန္ဒပြနေကြသည် ။

-ယူကရိန်း ဆိပ်ကမ်းမြို့ အိုဒက်ဆာအား ရုရှား ဒရုန်း ၂၀၀ ကျော်ဖြင့်တိုက်ခိုက်ရာ လျှပ်စစ်ဓါတ်အားပေးရုံပါပျက်ဆီးခဲ့သည်။

-အသက် ၁၉ နှစ်တွင် အိုလံပစ် ရွှေတံဆိပ်ဆုရှင်ဖြစ်ခဲ့သော ဟဲဗီးဝိတ် ချန်ပီယံဟောင်း ဂျော့ဖိုမင် သည် အသက် ၇၆ နှစ်၌ကွယ်လွန်ခဲ့သည် ။

-ဆူဒန် နိုင်ငံတွင် RSS သူပုန်များ ၂ နှစ်ကြာသိမ်းထားသော မြို့တော် ခါတွန်မှ သမ္မတနန်းတော်အား အစိုးရတပ်မျာက ပြန်သိမ်းခဲ့သည် ။

ပြည်တွင်း ထူးခြားသတင်းများ

-အမ်း – မင်းဘူး လမ်း နတ်ရေကန်စခန်းအနီးမှ လက်နက်မဲ့ ဆုတ်ခွာထွက်ပြေးလာသော AA ဒုဗိုလ်အဆင့်ရှိ ဝင်းနေစိုး နှင့် တပ်သားအဆင့်ရှိ ဖြိုးထက်ဦး တို့နှစ်ဦးသည် မကွေးမြို့နယ် အင်းနက်ရွာ ဘုန်းကြီးကျောင်းသို့ရောက်ရှိရေတောင်းသောက်ရာမှ ရွာသားများဝိုင်းဖမ်းသဖြင့် ဖြိုးထက်ဦးကိုမိကာ ဝင်းနေစိုး လွတ်သွားသည် ။

-လက်နက်လာဝယ်သော စစ်ကိုင်း PDF အဖွဲ့ ကို စျေးမတည့်သောကြောင့် ကွတ်ခိုင်တွင် ပလောင်သူပုန်မှ ငွေကျပ်သိန်းတထောင်ကျော် ၊ ကားတစီး နှင့်အတူ ဖမ်းထားသည် ။

-အမေရိကန်သို့တရားမဝင်သွားရောက်ခဲ့သောမြန်မာ ၂ ဦး ၊ အမေရိကန်ကပြန်ပို့ခြင်းကို လက္ခံခဲ့သည် ။

-ရန်ကုန်တိုင်း ၁၉ မြို့နယ်မှ လုံ/ကြမ်း တပ်ဖွဲ့များကို ယူနီဖောင်းထောက်ပံ့ခဲ့သည် ။

-ပြည်ပရောက်နေသူမြန်မာများ ပြန်လာလိုပါက သက်ဆိုင်ရာသံရုံးမှတဆင့် ဆက်သွယ်နိုင်ကြောင်း ကြေငြာထားသည် ။

_ထိုင်း သို့ အလုပ်သမားပို့ရာတွင် အေဂျင်စီ တစ်ခုလျှင် တစ်လ ၅၀ ဦး နှုံးဖြင့် မတ် ၂၅ မှစ သပ်မှတ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ကြေငြာသည် ။

-KNU တပ်မဟာ ၆ ကော့ကရိတ်မြို့နယ် တာဗလုခွတ် စခန်း စစ်ပစ္စည်း ဂိုဒေါင် ဗုံးကြဲရှင်းလင်း ခံရသည် ။

-ချောင်းသာရှိ ဟိုတယ် ၂၆ လုံး ၊ ငွေဆောင်ရှိ ဟိုတယ် ၃၂ လုံး တို့ အကုန် ဘွတ်ကင်ပြည့်နေကြောင်း သိရသည် ။

-ကလေးမြို့နယ် ရာဇဂြိုလ် ၊ ဟားခါးလေး ၊ လက်ပန်ချောင်း ၊ ပြည်တော်သာ ၊ စမြိတ်ခင်း ရွာများရှိ ချင်းသူပုန် ယာယီစခန်းများ ဗုံးကြဲရှင်းလင်းခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *