မတ်လ ၂၁ ရက် နေ့လည်ပိုင်းအချိန်က တောင်ခမ်းဒေသတွင် တောင်ခမ်းကွန်မန်ဒိုတွေရဲ့ ပထမရည်မှန်းချက် ရန်သူ့နေရာအား သိမ်းပိုက်ရရှိမှု တင်ပြထားခဲ့ပြီး ဒုတိယရည်မှန်းချက်နေရာအား ဆက်လက်တိုက်ခိုက်နေတယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။https://t.me/combatnews7723/8641-ယနေ့ ညနေ ၄ နာရီကျော်ခန့်မှာ ဒုတိယရည်မှန်းချက် (ရန်သူ့စခန်း)အား ထပ်မံသိမ်းဆည်းရရှိခဲ့ပါပြီ။ ဖြစ်စဉ်မှာ မိမိဘက်က မစိုးရိမ်ရ ဒဏ်ရာ ၁ ဦး ရရှိခဲ့ပြီး ရန်သူ့ထံမှ -(၁) အကြမ်းဖက် TNLA ၂ လောင်း(၂) လက်နက်မျိုးစုံ ၃ လက် – M-79 လောင်ချာ ၁ လက် – MA-3 သေနတ် ၁ လက် – ပစ္စတို ၁ လက်(၃) ကျည်အိမ်/ ကျည်ဆန်များ(၄) ပစ်ကျင်း/ဘန်ကာများ(၅) တဲ/ဆသရမြောင်းများထပ်မံ သိမ်းပိုက်ရရှိခဲ့ပါတယ်။ ဆက်လက်အောင်မြေချဲ့ နယ်မြေရှင်းနေဆဲမို့ ရန်သူ့အလောင်း/လက်နက်များ ရရှိနိုင်ပါသေးတယ်။-တောင်ခမ်းမှ နေဝန်းနီဖိုက်တာများကို အလွန်လေးစားမိပါတယ်။ အပင်ပန်းခံပြီး သွေးကြွေးဆပ်နေကြတာ အားရစရာပါ။-တပ်မတော်သားတိုင်းရဲ့ နှလုံးသွေးထဲကို တောင်ခမ်းအောင်ပွဲတွေကတစ်ဆင့် ရှမ်းမြောက်ဒေသဆီ စီးဆင်းနေပြီ ဖြစ်ပါကြောင်း သတင်းကောင်းပါးရင်း စစ်သည်တော်များကို ဒီကဗျာလေးနဲ့ ဂုဏ်ပြုဖော်ပြအပ်ပါတယ် -သူတို့ မှတ်ရိုး၊ စစ်မက်ထိုးသော်၊ အားကြိုး တင်းတင်း၊ လူချင်းချင်းကို၊ ဘယ်မင်း ဖက်ပြိုင်၊ ဘယ်တပ် ဆိုင်အံ့ ၊ သူ့ နိုင်ငံသား၊သံမှုန့် စားမှ၊ တို့ဓား တုံးမည်၊ မှတ်တော်တည်လော့ (လက်ဝဲသုန္ဒရ အမတ်ကြီး)





