ပြည်သူတွေရဲ့ ထောက်ခံမှုရလာတဲ့ ညောင်ကျိုးတိုက်ပွဲ

AA ရဲ့ အတောမသတ်နိုင်တဲ့ စစ်ရေးလောဘတွေကြောင့် ညောင်ကျိုးမှာ မြေလတ်ဒေသက ပြည်သူတွေအားလုံး တပ်မတော်ကို အားပေးထောက်ခံသွားကြတာ တွေ့ရတယ်။ ပါးစပ်ကနေ အားပေးထောက်ခံနေတာမျိုးမဟုတ်ဘဲ လက်တွေ့ကျကျကို အားပေးထောက်ခံနေကြတယ်။

ညောင်ကျိုးမှာ တိုက်ပွဲဝင်နေတဲ့ တပ်မတော်သားတွေ ဟင်းချက်စားစရာမလိုဘူးတဲ့။ ဟင်းမှ အမယ်နှစ်မျိုး သုံးမျိုးအထိ ဒေသခံပြည်သူတွေက နေ့စဉ်ချက်ပို့ ပေးနေကြတယ်တဲ့။ ကော်ဖီမစ်ကစလို့ ဆေးလိပ် ကွမ်းယာ ခေါက်ဆွဲခြောက် အလျှံပယ်ပါပဲတဲ့။

ပြည်သူလူထုမှာ ရွေးချယ်စရာ များများစားစားမရှိဘူး ။သူပုန်နဲ့ နေမလား၊ တပ်မတော်နဲ့နေမလား ဆိုတဲ့ (၂)ချက်ပဲ ရှိတယ်။ သူပုန်နဲ့ နေရတဲ့ဒုက္ခတွေနဲ့ သူပုန်ရဲ့အနိုင်ကျင့်စော်ကားမှုတွေကို ပြည်သူက ကောင်းကောင်းသိသွားကြပြီ။

မိုးကုတ် ဘာဖြစ်နေသလဲ ဆိုတာသူတို့ ကောင်းကောင်းသိသလို ကွတ်ခိုင်မှာ သူပုန်တွေရွှေတူးတာ လာတားလို့ ပစ်သတ်လိုက်တာလည်း သူတို့ သိနေကြတယ်။ ဒါ့ကြောင့် ပြည်သူလူထုက တပ်မတော်ကို ပုံအောပြီး အားပေး ထောက်ခံလာကြတာပဲ။

ဒေါက်တာဆလိုင်း ငွန်ကျုံးလျှန်ပြောသလိုပဲ။ လင်ငယ်ယူမှ လင်ကြီးကောင်းမှန်း သိရတယ်ဆိုတဲ့ အတိုင်းပဲ။ သူပုန်မကောင်းမှန်း သူပုန်ထိမ်းချုပ်ခံထားရတဲ့ မြို့နေပြည်သူလူထုက မီဒီယာတွေမှာ ရင်ဖွင့်လာကြပြီ။ ဒါဟာ ပြည်သူလူထု လက်ခံထားတဲ့ ပကတိ အရှိတရားပဲ။

ညောင်ကျိုးကို ပြန်ဆက်ရရင်တော့ ညောင်းကျိုးဟာ အုပ်ချုပ်ထောက်ပံ့မှု ကောင်းတယ်။ ပြည်သူလူထု ထောက်ခံမှုရတယ်။ ဒရုန်းတွေ သုံးနိုင်သလို စက်တပ်လေထီးတွေနဲ့ ဗုံးသွားကျဲပေးနိုင်တယ်။ တိုက်လေယာဉ် ရဟတ်ယာဉ်တွေလည်း လိုသလို သုံးပေးနိုင်တယ်။ ဒီလို ရုပ်ပိုင်းဆိုင်ရာ ပြည့်ပြည့်ဝဝထောက်ပံ့နေတာဖြစ်လို့ အနီးကပ်ကြပ်မတ်ပေးရမယ့် ခေါင်းဆောင်တွေ ရဲ့ တာဝန်က လက်အောက်ကို တိုက်ပွဲဝင်စိတ်ဓာတ်နဲ့ အောင်စိတ်ကိန်းအောင်းလာအောင် အနီးကပ် သွပ်သွင်းကြပ်မတ် ပေးဖို့ပဲလိုပါတယ်။

ဘိန်းစားပြီး ဆေးကြောင်းနေတာကို သတ္တိလို့ ထင်နေတဲ့ သူပုန်တွေကို ငါတို့ဆီဦးထောပတ် စားပြီး အမြစ်ပြတ် ချေမှူန်းပြမယ်ဆိုတဲ့ မိုတီမျိုး ကိုယ့်ရဲဘော်တွေကို သွပ်သွင်းပေးရမယ်။ ကိုယ့်ရဲဘော်တွေကို ငါတို့သမိုင်းက ဒီလိုရှိတယ်။ ငါတို့ ဟာ တရားသော စစ်ဆင်နွှဲနေတာဖြစ်လို့ ပြည်သူလူထုက ထောက်ခံနေပြီဆိုတဲ့ အကြောင်း လက်အောက်ကို ခပ်စိပ်စိပ် ချပြရင်း မိုတီလုပ် တိုက်ပွဲဝင်ရမယ်။

အောင်နိုင်သူ( ဇွဲကပင်)

Leave a Reply

Your email address will not be published. Required fields are marked *