EV ကားထုတ်လုပ်မှုမှာ ကမ္ဘာ့အကြီးဆုံးဖြစ်လာတဲ့ တရုတ် BYD က ဘက်ထရီသစ်တမျိုးကိုထုတ်လုပ်လိုက်ပြန်တယ်။
အားသွင်းချိန်(၅)မိနစ်နဲ့ မိုင် (၃၀၀) ခရီးကိုသွားနိုင်ပါပြီတဲ့၊ (၅) မိနစ်ဆိုတဲ့ အချိန်ဟာ သာမန်ဓါတ်ဆီကားတွေ ဆီဖြည့်တဲ့ အချိန်နဲ့တူပါတယ်။
EV တစ်ခေတ်မှာ တရုတ်နိုင်ငံထုတ် မော်တော်ကား အရေအတွက်ဟာ တနှစ် သန်း (၃၀) ကျော်နဲ့ ကမ္ဘာ့အများဆုံးကားထုတ်လုပ်သူဖြစ်လာပါတယ်၊ ဒုတိယအများဆုံးက ဂျပန်ဖြစ်ပြီး (၁၀) သန်းကျော်ထုတ်လုပ်တယ်၊ တတိယက အမေရိကန်ဖြစ်ပြီး တနှစ် (၉) သန်းကျော်ဖြစ်တယ်။
ကမ္ဘာ့မော်တော်ကားထုတ်လုပ်မှုလုပ်ငန်းကို အမေရိကန်နဲ့ ဂျပန်တို့ ဆယ်စုနှစ်များစွာ တလှည့်စီ ကြီးစိုးထားခဲ့ရာမှာ EV ခေတ်ကြောင့် ပထမနဲ့ နေရာကို စွန့်လွှတ်လိုက်ကြပါပြီ။
ထုတ်လုပ်မှုအရေအတွက်က (၃) ဆလောက်ကွာသွားတာကြောင့် နောက်ထပ် နှစ် (၂၀) လောက်ပြန်လိုက်လို့မလွယ်လှတော့ပါဘူး။
BYD ဟာတခေတ်က နာမယ်ကြီးခဲ့တဲ့ တိုယိုတာလို… အနောက်ဈေးကွက်မှာလဲ အရှိန်ရပြီး ဈေးကွက်တိုတက်နေတဲ့အတွက် မော်တော်ကားလောက ကိုတရုတ်တို့ လုံးဝထိမ်းချုပ်သွားခဲ့ပါပြီ။