နစကဥက္ကဋ္ဌဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာ

ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin ၏ ဖိတ်ကြားချက်အရ တရားဝင်ချစ်ကြည်ရေးခရီးစဉ် သွားရောက်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ သည် ယနေ့ မတ်လ ၃ ရက်နေ့ နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော် တပ်မတော်လေဆိပ်မှထွက်ခွာသွားကြောင်း သိရပါတယ်။

နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခရီးစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၊ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌများအပါအဝင် ရုရှားအစိုးရအဖွဲ့မှ တာဝန်ရှိ သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းသိရပါတယ်။ #crd

Leave a Reply

Your email address will not be published. Required fields are marked *